၁ - ၁၀ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၀) ၌ ဖခင်ဖြစ်သူက  ရွှေပိုး သိချင်သော စကားထာရဲ့အဖြေကို လက်တွေ့ပြပေးလိုက်သည့်အကြောင်း ရေးဖွဲ့ထားသည့် “နတ်သမီးလေး သောက်တဲ့ရေ” မျက်နှာဖုံးကာတွန်းဇာတ်လမ်း၊ အသားဟင်းကောင်းကောင်း စားချင်၍ ဆရာမ အိမ်ကို လာလည်ပြီး ထမင်းစားမည်ဟု ဦးလေးဖြစ်သူကို ညာပြောထားသည့်အကြောင်း တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်းဇာတ်လမ်း၊ မောင်လေး၏  မုန့်များကိုမြင်တိုင်း မြည်းကြည့်တတ်သည့် အစ်မနှင့် ငရုတ်သီးအစစ်ကို သကြားချောင်း ငရုတ်သီးဟု ထင်မှတ်ကာ မြည်းမိသည့်အကြောင်း တင်ဆက်ထားသည့် “မြည်းဦးလေ” တစ်မျက်နှာကာတွန်း၊ လင်းယုန်၏ရန်မှ ရှဉ့်ညိုလေး၏အသက်ကို အကြံပေးကာ ကယ်တင်ပေးခဲ့သော မျောက်ညိုလေးသည် သူ၏ ဝင့်ကြွားသော စကားသံကြောင့် ဒုက္ခရောက်ရပုံကို တင်ဆက်ထားသည့် “ဝင့်ကြွားတဲ့ မျောက်ညို” နှစ်မျက်နှာကာတွန်း၊ ညီအစ်ကိုနှစ်ယောက်သည် မိဘများ၏ အမွေများကို ညီတူညီမျှ ရရှိခဲ့သော်လည်း လောဘကြီးသည့် အစ်ကိုက ညီဖြစ်သူ၏ အမွေများကို လိုချင်၍ ကြံစည်ရာမှ ဒုက္ခရောက်ခဲ့ရပုံအကြောင်းကို တင်ဆက်ထားသည့် “လောဘမီး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းနှစ်ယောက်တွင် ပိုင်ပိုင်သည် စာအတော်ဆုံးဖြစ်ပြီး ပြည့်စုံဖြိုးမှာ အပျင်းထူတဲ့ နေရာမှာ အတော်ဆုံးဟု နောက်ပြောင်ကာ ပြောဆိုထားသည့်အကြောင်း တင်ဆက်ထားသည့် “အတော်ဆုံး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး ကောင်းမွန်စေရန်အတွက် လိုအပ်သော အာဟာရဓာတ်များစွာပါဝင်သော နို့အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြထားသည့် “လူတို့အတွက် အာဟာရတန်ဖိုး မြင့်မားသောနို့” သုတကဏ္ဍ၊ ဥသျှစ်သီးမှည့်တစ်လုံး ကြွေကျခြင်းကို မြေကြီးပြိုပျက်သွားပြီဟု ထင်မှတ်ကာ တစ်ရှိန်ထိုး ပြေးသွားသည့် ယုန်တစ်ကောင်နှင့်  အကြောင်းရင်းမှန်ကို မသိဘဲ ထိုယုန်၏ နောက်သို့ ပြေးလိုက်ကြသည့် တိရစ္ဆာန်များအကြောင်းကို ရေးသားထားသည့် “မည်သည့်အမှုကိစ္စမဆို စူးစမ်းဆင်ခြင်ပြီးမှ လုပ်ဆောင်ပါလေ” ပုံပြင်ကဏ္ဍ၊ ဆရာမက ကျောင်းသား၊ ကျောင်းသူများထဲမှ  ရွေးချယ်ပေးမည့် အဖြူစင်ဆုံးဆု ဆိုသည်မှာ မိမိတို့ကိုယ်မှာ ဆင်မြန်းထားသော အဝတ်အစား လှပဖြူစင်မှုထက် စိတ်ဓာတ်ကောင်းပြီး စိတ်ထားဖြူစင်မှုရှိခြင်းဖြစ်ကြောင်း ရေးသားထားသည့်“အဖြူစင်ဆုံးဆု” ဝတ္ထုတိုကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာတို့၏ အစဉ်အလာအတိုင်း သံဃာတော်များအား ဆွမ်းချက်လောင်းလှူသည့်အကြောင်း ရေးဖွဲ့ထားသည့် “မြန်မာ့ဂုဏ်” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် English Daily Conversation ခေါင်းစဉ်နှင့်အတူ ဘတ်စကက်ဘောပွဲအကြောင်းကို အကြောင်းအရာတူပေမယ့် စကားအသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍတို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ