“ကနောင် နိုင်နွယ်ဦး” ရေးသားသည့် “နေနှင့်လမင်းအလင်းသစ္စာကဗျာများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“နေနှင့်လမင်းအလင်းသစ္စာကဗျာများ” စာအုပ်တွင် ကဗျာ (၆၅) ပုဒ်ပါရှိသည်။ အကြောင်းအရာအလိုက် အခန်းများခွဲကာ စုစည်းဖော်ပြထားပြီး ကျေးလက်အလှ၊ ကိုယ်ကျင့်တရား၊ စာပေနှင့် ယဉ်ကျေးမှု၊ ချစ်ခြင်းမေတ္တာဖွဲ့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ မျိုးဆက်သစ်တို့ အတွေးအမြင်မှန်ကန်ရေးတို့အပြင် မြန်မာ့ လယ်ယာလုပ်ငန်း၏ နွေမိုးဆောင်းအလှများကို ရသမြောက်စွာ ဖော်ကျူးရေးသားထားသော ကဗျာ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။