“တင်တော်” ရေးသားသည့် “ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများစုစည်းမှု” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတိုများစုစည်းမှု” စာအုပ်တွင် ဝတ္ထုတို (၁၀) ပုဒ်ပါရှိသည်။ မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်၊ ကျေးဇူးတရား၊ တာဝန်နှင့် ဝတ္တရား၊ သစ္စာစောင့်သိမှု၊ ကူညီရိုင်းပင်းမှု၊ အနစ်နာခံမှု၊ အများအကျိုးသယ်ပိုးမှု၊ ဥပဒေစည်းကမ်းလိုက်နာမှု စသည်ဖြင့် ဘဝမျိုးစုံ၊ စရိုက်အဖုံဖုံကို စာရေးသူက ကိုယ်တွေ့ဖြစ်ရပ်များနှင့် ထင်ဟပ်ပြီး ရေးဖွဲ့ထားသည်။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ရာထူးဂုဏ်ရှိန်မြင့်ခြင်းတို့က လူ့တန်ဖိုးမဟုတ်ဘဲ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကတိတည်ကြည်ခြင်းနှင့် စိတ်နှလုံးပြည့်ဝပြီး အများအကျိုးဆောင်ရွက်ခြင်းတို့ကသာ တကယ့်စစ်မှန် သော လူ့တန်ဖိုး ဖြစ်ကြောင်း၊ ကျောင်းဆရာ၊ ဆရာမများသည် တပည့်များကို စာလည်းသင်ပေးရင်း လူကိုလည်း ပြင်ပေးရကြောင်း၊ တပည့်များ၏ စွမ်းဆောင်ရည်နှင့် သင့်လျော်မည့်လမ်းကြောင်းကို မှန်ကန်စွာ လမ်းညွှန်ပြသထိန်းကျောင်းပေးနေကြရသည့် နှလုံးလှပဲ့ကိုင်ရှင်များဖြစ်ကြောင်းကို မီးမောင်းထိုးပြ ထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။