၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်ထုတ် အတွဲ (၇၅)၊ အမှတ် (၂၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်ထုတ် အတွဲ (၇၅)၊ အမှတ် (၂၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။ 

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ အမိန့်ကြော်ငြာစာ၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယာဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရရုံး ဝန်ကြီးဌာန (၁) တင်ဒါကော်မတီ အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အမိန့်ကြော်ငြာစာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊  

အပိုင်း (၄) တွင် TKD JAPAN COMPANY LIMITED Notice For Voluntary Winding-up Pursuant to Section 348 Myanmar Company Law၊ Nishida Barley Processing Myanmar Co., Ltd Notice of Special Resolution For Members’ Voluntary Winding-up Pursuant to Section 147 of Insolvency Law၊ Sanken Setsubi Myanmar Co., Ltd Notice under the Myanmar Insolvency Law Final General Meeting Invitation (Members’ Voluntary Winding-up)၊ ROYAL A T H GROUP COMPANY LIMITED နှင့် HAPPY LAND COMPANY LIMITED ဖျက်သိမ်းခြင်းနှင့်စပ်လျည်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ စထိုဟာ လီဂဲလ် ဂရု ကုမ္ပဏီလီမိတက် (Strohal Legal Group Company Limited) မြန်မာနိုင်ငံကုမ္ပဏီမျာဥပဒေအရ အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းနိုင်ရန်အတွက် အစည်းအဝေးဖိတ်ကြားခြင်း၊ လေးကျွန်းမြင့်မိုရ် ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (Lay Kyun Myintmo Manufacturing Co., Ltd) ၂၀၂၀ ပြည့်နှစ် Insolvency Law အရ အပြီးသတ်စာရင်းရှင်းလင်း ဖျက်သိမ်းနိုင်ရန်အတွက် အစည်းအဝေးဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ