“သက်သက်နွယ်” ရေးသားသည့် “လမင်းစန္ဒာလင်းပါစေနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“သက်သက်နွယ်” ရေးသားသည့် “လမင်းစန္ဒာလင်းပါစေနှင့် အခြားဝတ္ထုတိုများ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

“လမင်းစန္ဒာလင်းပါစေနှင့် အခြားဝတ္ထုတိုများ” စာအုပ်တွင် ဝတ္ထုတို(၁၆) ပုဒ်ပါဝင်ကာ ယနေ့ခေတ် ကာလ ပြည်သူများအကြား ပိုမိုအဖြစ်များလာပြီး လူတိုင်းကအလေးဂရုပြုလာကြသော အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှု၊ အွန်လိုင်းအကြမ်းဖက်မှု စသည့် ကြေကွဲစရာ ဖြစ်စဉ်များအပေါ် အခြေခံ၍ အမှုအခင်း၏ သားကောင် အမျိုးသမီးများ၊ ကလေးသူငယ်များ၏ ဘဝနှင့်ဒုက္ခကို  မီးမောင်းထိုး ဖော်ကျူးပြထားသော ဝတ္ထုတိုကောင်း လက်ရာမွန်များဖြစ်သည်။

ထို့ပြင် စာရေးသူကိုယ်တိုင်သည်လည်း အမျိုးသမီးရေးရာအဖွဲ့၏ နှစ်သိမ့်ဆွေးနွေးရေးဌာနတွင် နှစ်သိမ့်ဆွေးနွေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် အကြောင်းအရာပိုင်းဆိုင်ရာ ရေးဖွဲ့ရာ၌ ကျွမ်းကျင်ပိုင်နိုင်သည်ကို တွေ့ရမည်ဖြစ်ပြီး ဝတ္ထုများတွင် ကျူးလွန်ခံရသူ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အုပ်ထိန်းသူများ သင်ခန်းစာရယူနိုင်စေရန်၊ ပညာဗဟုသုတရှိစေရန်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထိန်းသိမ်းတတ်စေရန်နှင့် မှန်မှန်ကန်ကန် ဆင်ခြင်စဉ်းစား ဆုံးဖြတ် နိုင်စေရန် ရည်ရွယ်သော စာရေးသူ၏ စေတနာကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၂၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ