စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ အတွဲ(၄၉)၊ အမှတ် (၇) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်း ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “သဘာဝဘေးအန္တရာယ်လျော့ပါးဖို့ အလေးပေးဆောင်ရွက်ကြပါစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးဆိုတာ၊ သဘာဝဘေးအန္တရာယ်လျော့ပါးဖို့ အလေးပေးဆောင်ရွက်ကြပါစို့၊ လူငယ်ရေးရာကဏ္ဍတွင် ကဆုန်လပြည့် ‌ဗုဒ္ဓနေ့၊ စိတ်ကောင်းတစ်ခု၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ ချယ်ရီချစ်သူများ၊ အကောင်းမြင်ခြင်းသည်သာ၊ မျောက်ကျောက်ရောဂါဆိုတာ...၊ ယနေ့လူငယ်များ သတိပြုသင့်သည့် အချိန်၏အရေးပါမှု၊ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ၊ လူ့ဘဝအခက်အခဲများ၊ လူငယ်တို့ နေရာယူကြပါ၊ ကဗျာကဏ္ဍတွင် ခန္တီရှင်၊  အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကိုယ်တွင်းမှာ တွေ့အောင်ရှာ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ဖူးပွင့်ဝေစီလာသော အရွယ်လွန်ဒေဝီများ၊ တရုတ်နိုင်ငံခြားရေးမူဝါဒ ရင်ဆိုင်ရမည့် စိန်ခေါ်ချက်များ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၄၇)၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အလွယ်တကူမရနိုင်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သတ္တိရှင် ကယ်ဆယ်ရေးသမား၊ ရှင်သန်နေဆဲနှလုံးသား၊ ဝတ္ထုတိုကဏ္ဍတွင် နှုတ်မဆက်နဲ့ ငိုချင်တယ်၊ အထွေထွေကဏ္ဍတွင် ဝိညာဉ်များနှင့် တွေ့ဆုံကြစို့၊ စာအုပ်လောကနှင့် အနာဂတ်ခရီးနှင့် စိတ်ကူးစိတ်သန်းအကောင်းဆုံး စာအုပ်များ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
    
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ