၁၆ - ၇ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၂၉) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၂၉)၌ ကလေးတို့အနေဖြင့် ဖြစ်ပေါ်လာသော အကြောင်းအရာများကို အကျိုးအကြောင်းဆက်စပ်၍ ဆင်ခြင်ဆုံးဖြတ်နိုင်စေရန် တင်ဆက်ထားသည့် “ခရေပန်းကောက်ကြမယ်” မျက်နှာဖုံးဇာတ်လမ်း၊ ကလေးတို့အနေဖြင့် မိမိတို့တွင် ကျရောက်လာမည့်အန္တရာယ်ကို ကာကွယ်နိုင်ရန် ကိုယ်ခံပညာကို သင်ယူထားသင့်သော်လည်း သူတစ်ပါးအပေါ် အနိုင်မကျင့်သင့်ကြောင်းကို တင်ဆက်ထားသည့် “ဖြိုးရဲနှင့် ကိုယ်ခံပညာ” နှစ်မျက်နှာကာတွန်း၊ ရန်ပိုင်စိုးသည် သူငယ်ချင်းများနှင့် သူခိုးနှင့် ပုလိပ်လုပ်တမ်းကစားရာ၌ သူ့ကို သူခိုးလုပ်ခိုင်း၍ အိမ်ပြန်ကာ ဦးလေးလုပ်သူ ဖတ်ပြသော ပုံပြင်ကိုသာ နားထောင်တော့မည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကစားလိုက် အိမ်သို့ပြန်ကာ အစားစားလိုက်နှင့် အလုပ်မလုပ်ဘဲ အချိန်ကုန်နေသော အာဘွားကို သူ၏မိခင်က မိဘလုပ်စာ ထိုင်စားနေသည်ဟု ပြောသည်ကို သူ၏သူငယ်ချင်းနှင့် ပြန်လည်ပြောဆိုပုံကို ဟာသဖြစ်ဖွယ် တင်ဆက် ထားသည့် ကာတွန်းသိက္ခာ၏ "မိဘလုပ်စာကို ထိုင်မစားတော့ပါ" နှစ်မျက်နှာကာတွန်းနှင့် မိမိ၏ ထင်မြင်ယူဆချက်ဖြင့် ဆောင်ရွက်ပါက အမှားကြုံတွေ့နိုင်ပုံကို တင်ဆက်ထားသည့် “ဆေးဆရာဦးအောင်ကြီး” တစ်မျက်နှာကာတွန်း တို့ကို တင်ဆက်ထားပါသည်။

ကလေးများအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများသည် မမေ့အပ်သည့် ကျေးဇူးရှင်များ ဖြစ်ကြောင်းကို တင်ဆက်ထားသည့် “အာဇာနည်နေ့ တို့မမေ့” သုတဆောင်းပါးကို တင်ဆက်ထား ပါသည်။  ဘောလုံးကစားရာ၌ ပြိုင်ဘက်အသင်းနှစ်သင်းလုံးက အနိုင်ယူလိုသော်လည်း အသင်းတစ်သင်းက အနိုင်ရ၍ ကျန်အသင်းတစ်သင်းက ရှုံးနိမ့်မည်ဖြစ်ရာ ၎င်းအရှုံးကို ကျေကျေနပ်နပ်ဖြင့် လက်ခံသင့်ကြောင်းကို တင်ဆက်ထားသည့် “အပြုံးနှင့်အနိုင်” ဝတ္ထုနှင့် အပေါ်ယံအလှအပများဖြင့် မာန်တက်ကာ သူတစ်ပါးကို ကဲ့ရဲ့တတ်သော အကျင့်ကြောင့် နောင်တရသွားသော နှင်းဆီပန်းလေးနှင့် သူတစ်ပါး၏အခက်အခဲကို ကူညီတတ်သော ရှားစောင်း လက်ပပ်ပင်လေးတို့အကြောင်းကို ရေးဖွဲ့ထားသည့် “ဘဝင်မြင့်တဲ့ နှင်းဆီပန်းလေး” ပုံပြင်တို့ကို တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ပေးပို့သော ကာတွန်းလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့အနေဖြင့် ပေးထားသောရုပ်ပုံကို မိမိတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ရအောင်” ဉာဏ်စမ်းနှင့် အာဇာနည်နေ့နှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးတို့ကို မမေ့သင့်ကြောင်း ရေးဖွဲ့စပ်ဆိုထားသည့် “အာဇာနည်နေ့” ကဗျာနှင့် “အာဇာနည်ကြီးများ” ကဗျာတို့ကို တင်ဆက်ထားပါသည်။
အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍအနေဖြင့် Adjective (နာမဝိသေသန) များ၏ အသုံးအနှုန်းနှင့် ဝါကျများတွင် Adjective များ ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ