၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက် မွန်းလွဲ ၂ : ၃၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလေးဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးရွှေမင်း (မင်းရွှေမင်း-အင်းစိန်)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်)တို့ တက်ရောက်ခဲ့ကြပြီး ဒေါ်မြင့်မြင့်ကြူ (ရွှေမြိုင်ပြုံးလဲ့မော်) က ခွင့်ပန်ခဲ့သည်။
အစည်းအဝေးတွင် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။