၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်ထုတ် အတွဲ (၇၄) ၊ အမှတ် (၅၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်ထုတ် အတွဲ (၇၄) ၊ အမှတ် (၅၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။ 

အပိုင်း (၁) တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ကြေညာချက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြန်ကြားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စက်မှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အလုပ်သမားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအမိန့်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး (ကြည်းတပ်ဌာနစု)

အပိုင်း (၄) Golden Dragon Land Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၃၄၈ အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ကြေညာခြင်း၊ လေးကျွန်းမြင့်မိုရ် ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (Lay Kyun Myintmo Manufacturing Company Limited) လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကုမ္ပဏီကို ဆန္ဒလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ရရှိသည့်ကြွေးများ တောင်းခံရန်သတိပေးခြင်း (Claim Notice) လေးကျွန်းမြင့်မိုရ် ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်၊ J Q 2 Company Limited  ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်းကြေညာခြင်း၊  မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက်၊ စာအမှတ်၊ ၄/၄/အခရ/ပိုင် (၄၂၂/၂၀၂၁) ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက် ဆင်မင်းဘိလပ်မြေ စက်ရုံအုပ်စု ကုမ္ပဏီလီမိတက်အား စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ကြေညာခြင်း၊ GREAT WORLD WIDE COMPANY LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေများအရ ကုမ္ပဏီအား ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့် အကြွေးများတောင်းခံရန် သတိပေးခြင်း၊ PRIME ENERGY PARTNERS (MYANMAR) LIMITED (In Members Voluntary Winding-up)၊ SITC CONTAINER LINES (MYANMAR) LIMITED (In Members Voluntary Winding-up) တို့ပါဝင်ပါသည်။

ယခုအပတ်ထုတ်  ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ