“မောင်စိုးထိုက် (သုံးဆယ်)” ရေးသားသည့် “တာဝန်ကိုယ်စီရှိပါသည်နှင့် အခြားပြဇာတ်များ” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ တတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“တာဝန်ကိုယ်စီရှိပါသည်နှင့် အခြားပြဇာတ်များ” စာအုပ်တွင် ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးပြဇာတ်အပါအဝင် ပြဇာတ်ကို ၉ ပုဒ် ပါဝင်သည်။ ပြဇာတ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့များ မပျောက်ပျက်စေရေး၊ ကျေးဇူးသိတတ်ရန် လိုအပ်မှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးစေရန်နှင့် ရိုးရာလှေသဘင်စသည့်အကြောင်းအရာများကို ပြဇာတ်အသွင် ခြယ်မှုန်းတင်ပြ ထားသည်။ တစ်ခန်းရပ်ပြဇာတ်များအဖြစ် စင်တင်ကပြနိုင်သည့် ပြဇာတ်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၁၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။