မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ အစည်းအဝေးကျင်းပ

 မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နံနက် (၁၀:၃၀) နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 

အစည်းအဝေးသို့ ဒေါက်တာမျိုးသန့်တင်၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာစိုးနိုင်၊ ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)၊ ဦးထွန်းအုံ (အေးထွန်းမင်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ပါမောက္ခကိုကိုအောင်၊  ဦးကြည်ဝင်း (လောကအမွန်)၊ ဒေါ်နုနုယဉ် (နန်းညွန့်ယဉ်ခမ်း)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်) နှင့် စာပေဗိမာန်မှ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ပြုစုထုတ်ဝေရေး ဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ဒေါက်တာတင်လှိုင် (ဘိုးလှိုင်)၊ ဒေါက်တာတိုးလှ (တိုးလှ)၊ ဒေါက်တာအေးမြင့်၊ ဒေါက်တာစောမြအောင်၊ ဒေါက်တာညိမ်းညိမ်း (ရှင်ညိမ်းမယ်)၊ ဒေါက်တာအောင်ကြီး၊ ဒေါက်တာသန်းထွဋ် (လင်း-ဆေး-၁)၊ ဒေါက်တာသိန်းလွင် (မြန်စာမြေသိန်းလွင်)၊ ဒေါက်တာနော်ဂျူးဖော၊ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) တို့က ခွင့်ပန်ခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ကိုယ်စား)၊ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး စာပေဗိမာန်စာတည်းမှူးက မိတ်ဆက်စကား ပြောကြားသည်။ 

ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဝင်များက အထွေထွေဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းတည့် ၁၂ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

8

2-70

3-39

4-13

5-5

6-5

7-3

အကြံပြုစာ/တိုင်ကြားစာ