ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊ ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏ ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရနှင့်ပတ်သက်၍ လက်ဝဲသုန္ဒရနှစ်ဦး ရောထွေးနေရာ မုံရွေး လက်ဝဲသုန္ဒရ ဦးနေ ခေါ် ဦးမြတ်သာနေနှင့် လူသိများ ကျော်ကြားနေသော မန်ကျည်းတုံ လက်ဝဲသုန္ဒရ၊ မန်ကျည်းတုံဇာတိ ဦးမြတ်စံဟူ၍ နှစ်ဦးရှိကြောင်း၊ ဦးမြတ်စံ၏ စာပေ အဆင့်အတန်းမှာ ဦးနေ၏ စာပေအဆင့် အတန်းထက် လွန်စွာမြင့်မားကြောင်း၊ လက်ဝဲသုန္ဒရ အမတ်ကြီး ဦးမြတ်စံသည် အလောင်းမင်းတရားကြီး၊ နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင်မင်း၊ စဉ့်ကူးမင်းနှင့် ဘိုးတော်ဘုရားလက်ထက်အထိ မင်းငါးဆက်တိုင် အမှုတော်ထမ်းရွက်ခဲ့ကြောင်း၊ အကောင်းအဆိုး လောကဓံအမျိုးမျိုးကို ကြုံတွေ့ရုန်းကန်ခဲ့ရပြီး အသက် ၇၀ ကျော်အရွယ်တွင် မင်းကွန်းဘက်၌ ကွယ်လွန်ခဲ့ကြောင်း၊ ကဗျာ၊ လင်္ကာ၊ ပျို့၊ ကျမ်း၊ ရတု စာပေ အမျိုးအစားပေါင်း ၁၁ မျိုး ရေးသားခဲ့ကြောင်း၊ သမိုင်းအထောက်အထား၊ အကိုးအကားပြည့်စုံစွာဖြင့် ပြုစုရေးသား ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။