၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု  (ဆန်ခါတင်အဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု  (ဆန်ခါတင်အဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ
၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ် ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်း အဝေးကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် မွန်းလွဲ ၁ : ၃ဝ နာရီမှ ၂ : ၃ဝ နာရီ အထိ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု ရွေးချယ်နိုင်ရေးအတွက် ပေးပို့ထားသည့် စာမူများမှ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

01-25

02-31
03-27

အကြံပြုစာ/တိုင်ကြားစာ