ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းတို့ တွေ့ဆုံပွဲ၊ ဆန္ဒဖော်ထုတ်ပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၉-၈-၂၀၂၂ ) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် အမှတ် (၅၂၉-၅၃၁)၊ စာပေဗိမာန်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါ သည်။ အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က အဖွင့်အမှာစကား ပြောကြားကာ စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းတို့၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာကိစ္စများ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ စာပေဗိမာန်စာတည်းမှူးချုပ်နှင့် စာပေဗိမာန် အရာထမ်း၊ အမှုထမ်းတို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ စာတည်းမှူးချုပ် ဦးတိုးကျော်၊ စာတည်းမှူး ဒေါ်ယဉ်မင်းထွေးနှင့် ဒေါ်ဇင်မာထွေး၊ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) ဒေါ်ခင်မမ၊ လက်ထောက်ညွှန်ကြားရေးမှူး (အရောင်း) ဒေါ်ချိုချိုမြင့်နှင့် စာကြည့်တိုက်မှူး ဒေါ်သီတာအေးတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြကာ ညွှန်ကြားရေးမှူးချုပ်က နိဂုံး ချုပ် စကားပြောကြားခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က စာပေဗိမာန် စာတည်းမှူးချုပ်နှင့် အရာထမ်းတို့ကို မေတ္တာလက်ဆောင်များ ပေးအပ်ပြီး အခမ်း အနားကို နေ့လယ် (၁၂ : ၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။