ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊  စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် နံနက် ၁၀:၃၀ နာရီတွင် ကုန်သည်လမ်းရှိ အမှတ်-၅၂၉-၅၃၁၊ စာပေဗိမာန်ရုံး စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါ အခမ်းအနားတွင် ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာရာမပါဠိတက္ကသိုလ် နာယကဆရာတော် ဦးကုသလ (ဓမ္မာစရိယ) အမှူးပြုသော ဆရာတော်အရှင်သူမြတ် သုံးပါးအား ပင့်ဖိတ်၍ စာပေဗိမာန်ရုံး၊ စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် စာပေဗိမာန်ရုံးမှ အရာထမ်း၊ အမှုထမ်းတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ 

ယင်းနောက် ကွယ်လွန်သွားပြီဖြစ်သော ယခင် မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း၊ ယခု စာပေဗိမာန်ကို တည်ထောင်သူ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးတို့အား ရည်စူး၍ ရေစက်ချ အမျှအတန်းပေးဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွက်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် အရာထမ်းအမှုထမ်းတို့က ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းနှင့်ခဲဖွယ်ဘောဇဉ် ဆက်ကပ်လှူဒါန်းမှု ကောင်းမှုမင်္ဂလာပြုခဲ့ကြပါသည်။

1-174

2-147

3-75

 

5-25

4-41

အကြံပြုစာ/တိုင်ကြားစာ