ပင်မစာကြည့်တိုက်

1

စာပေဗိမာန်ကို ၁၉၅၅ ခုနှစ် မေလတွင် အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း၊ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၅၆ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်လှစ်ခဲ့သည်။ စာပေဗိမာန် စာကြည့်တိုက်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိနှင့် စနေနေ့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ စာပေဗိမာန် စာကြည့်တိုက်တွင် အသင်းဝင်လိုပါက အသင်းဝင်နိုင်ပါသည်။ သာမန်အသင်းသားအဖြစ် အသင်းဝင်ကြေး ၁၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၅၀၀ ကျပ် ပေးသွင်းပြီး စာအုပ်တစ်အုပ် ခုနစ်ရက် အခမဲ့ ငှားရမ်းခွင့်ရှိသည်။ စာဖတ်ခွင့်၊ မိတ္တူကူးခွင့် ရှိသည်။ အထူးအသင်းသားအဖြစ် အသင်းဝင်ကြေး ၂၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၁၀၀၀ ကျပ် ပေးသွင်းပြီး စာဖတ်ခွင့်၊ မိတ္တူကူးခွင့်အပြင် စာအုပ် နှစ်အုပ် တစ်အုပ်လျှင် ၁၀ ရက် အခမဲ့ ငှားခွင့်ရှိသည်။

2

1

1

 

1

ထို့ပြင် အသင်းဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်၊ စာအုပ်စာစောင်မျိုးစုံကို အခမဲ့ လာရောက်ဖတ်ရှုနိုင်ပါသည်။ စာဖတ်သူများအတွက် အခမဲ့ အင်တာနက် WiFi အသုံးပြုနိုင်ပါသည်။ ကွန်ပျူတာများ အသုံးပြု၍ e-Book များ ဖတ်ရှုနိုင်ပြီး e-Catalogue စနစ်ဖြင့် စာအုပ်များကို အလွယ်တကူ ရှာဖွေနိုင်ရန် စီစဉ်ပေးထားပါသည်။

4

1

 

2

 

စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်နှင့် ပတ်သက်၍ ဝေဖန် အကြံပြုလိုသည်များ ရှိပါက စာကြည့်တိုက်မှူး၊ ဖုန်း ဝ၁-၃၈၁၄၄၇၊ စီမံရေးရာဌာန ဖုန်း ဝ၁-၃၈၁၄၄၉ တို့သို့ ဆက်သွယ်အကြံပြုနိုင်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

 

အကြံပြုစာ/တိုင်ကြားစာ