၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကို ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက် မွန်းလွဲ ၁ : ၀၀ နာရီမှ  ၂ : ၀၀ နာရီအထိလည်းကောင်း၊ မွန်းလွဲ  ၂ : ၀၀ နာရီမှ  ၃ : ၀၀ နာရီအထိလည်းကောင်း ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ၂ဝ၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေးအတွက်  ဘာသာရပ် ဆိုင်ရာစာအုပ်များ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆွေးနွေးကြ ကြောင်း သိရသည်။

N-1

အကြံပြုစာ/တိုင်ကြားစာ