မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များကို နှစ်စဉ်ပြုစုထုတ်ဝေလျက်ရှိရာ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၄) ပြုစု ထုတ်ဝေနိုင်ရေးအတွက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ယနေ့ ၂၇-၂-၂၀၂၄ (အင်္ဂါနေ့) နံနက် ၁၀ : ၀၀ နာရီအချိန်က စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် အစီအစဉ် (၅) ရပ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေး အဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း-သပြေ) က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၄) နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ့ရည်ညွှန်းကျမ်းအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက မြန်မာ့ရည်ညွှန်းကျမ်းနှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးခဲ့ကြသည်။ ထို့ နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာမောင်သင်း (မောင်သင်း -သပြေ) က နိဂုံးချုပ်ကျေးဇူးစကားပြောကြားပြီး နေ့လယ် ၁၂ : ၀၀ နာရီအချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

2-243
 

အကြံပြုစာ/တိုင်ကြားစာ