မြန်မာ့စွယ်စုံကျမ်း (၂ဝ၂၃) ပြုစုထုတ်ဝေရေးဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အစည်းအဝေးကျင်းပခြင်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က နှစ်စဉ်ထုတ်ဝေလျက်ရှိ သည့် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်ဆိုင်ရာ မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အစည်းအဝေးကို ကုန်သည် လမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ၆-၉-၂၀၂၂ ရက် မွန်းလွဲ (၂ : ဝဝ) နာရီတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ - ၂ ဆရာကြီး ဒေါက်တာ မျိုးသန့်တင်က  အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂ဝ၂၂) ထုတ်ဝေ ဖြန့်ချိခဲ့မှုနှင့် ၂ဝ၂၃ ပြုစုရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဝင် စာပေဗိမာန် စာတည်းမှူး (ငြိမ်း) ဒေါ်နုနုယဉ်က မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂ဝ၂၂ ထုတ်ဝေဖြန့်ချိခဲ့မှု အခြေအနေများနှင့် ၂ဝ၂၃ တွင် ပါဝင် ဖော်ပြသင့်သည့် အချက်များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် အစီအစဉ်အရ တက်ရောက်လာသည့် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ဝင်များက အသီးသီး ဆွေးနွေးတင်ပြကြပြီး မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ - ၂ ဆရာကြီး ဒေါက်တာ မျိုးသန့်တင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၄ : ၀၀) နာရီတွင် ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

1-184

1---

2-156

3-82

4-44

အကြံပြုစာ/တိုင်ကြားစာ