၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေး ကျင်းပ

 ၂ဝ၂၁ ခုနှစ် စာပေဗိမာန်စာမူဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ် ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ၂ဝ၂၂ ခုနှစ် ဇွန်လ ၂၉ ရက် မွန်းတည့် ၁၂ : ၃၀ နာရီက ရန်ကုန်မြို့  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သက်ဆိုင်ရာဘာသာရပ် အဖွဲ့ငယ် ဆန်ခါတင်အဆင့် အစည်းအဝေးသို့ ဒေါ်မြမြသန်း (မနှင်းဖွေး)၊ ဦးကြည်ဝင်း (လောကအမွန်)၊ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဦးတိုးကျော် (စာတည်းမှူးချုပ်)တို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂ဝ၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ်ဆိုင်ရာစာမူများ ဆန်ခါတင်အဆင့် ရွေးချယ်ထားမှု အခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

1-142

2-117

အကြံပြုစာ/တိုင်ကြားစာ