ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jul 08, 2024
တပ်မတော်သားတစ်ဦး အမိစစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းမှ သင်တန်းဆင်းပြီးနောက် ကချင်ပြည်နယ် မိုးကောင်းမြို့ရှိ မိခင်တပ်ရင်းသို့ ရောက်ရှိခဲ့သည်။ ရောက်ရှိပြီးမကြာမီ တိုက်ပွဲဝင် စည်းရုံးရေး (အရာရှိ) သင်တန်းတက်ရသည်။ ထို့နောက် နမ္မတီးမြို့ မြောက်ဘက်ရှိ နမ်းခမ်းခ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သွားရောက်ရာ၌ ပါဝင်ခဲ့သည်။ တစ်ဖန် ခြေလျင်တပ်စုမှူးသင်တန်းဆင်းပြီး မိခင်တပ်သို့ပြန်ရောက်သောအခါ နယ်မြေမှာ မအေးချမ်းတော့၍ စစ်ဆင်ရေးထွက်ရသည်။ စစ်ဆင်ရေးကာလအတွင်း စစ်ကြောင်းတစ်လျှောက် တိုင်းရင်းသား  ရွာစဉ် များကို နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးတို့ ဆောင်ရွက်ပေးရသည်။ မအေးချမ်းသောဒေသဖြစ်၍ သောင်းကျန်းသူများနှင့် ထိတွေ့မှုများရှိခဲ့ရာ လက်နက်ကြီး၊ လက်နက်ငယ်အသံတို့မှာ နားကွဲမတတ် ခံစားခဲ့ရသည်။ အတွေ့အကြုံကနုနု မုန်တိုင်းကထန်ထန် ဖြစ်ခဲ့သော်လည်း တိုင်းပြည်နှင့်လူမျိုး အတွက် အသက်ပေးဆပ်ထားသူပီပီ စစ်သည်ရဲဘော်ရဲဘက်များနှင့် လက်တွဲမဖြုတ် သံမဏိ စိတ်ဓာတ်ဖြင့် ရန်သူကို မကြောက်မရွံ့ တိုက်ပွဲဝင်ခဲ့ကြသည်။
Jul 08, 2024
ယင်းစာအုပ်တွင် အနာဂတ်ကို လမ်းဖွင့်ပေးသူ၊ လဲကျသွားလည်း ကြိုးစားထူမတ် ပြန်ရပ်နိုင်ပါစေ၊ ရွေးချယ်ခွင့်လေး ပေးလိုက်ပါ၊ ပန်းဝင်လှစေချင်၊ အသိ အလင်း၊ အကောင်းဆုံးသော ကိုယ်သာဖြစ်ပါစေ၊ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုရင်၊ တုမဲ့နှုန်း၍ ရွှေဘုန်းမော်နိုင်ပါစေ စသည့် ဝတ္ထုတိုစုစုပေါင်း ၈ ပုဒ်ပါဝင်သည်။ ဘဝဟူသည် လက်ဝှေ့ကြိုးဝိုင်းအတွင်း လဲကျရုံမျှနှင့် ရှုံးသွားသည် မဟုတ်ဘဲ ပြန်လည်ထပြီး ယှဉ်ပြိုင်ထိုးပါက အနိုင်ရသည့်ပမာ၊ လူသာလဲကျလျှင် လဲကျပါစေ စိတ်ဓာတ် လဲမကျဘဲ ဇွဲသတ္တိနှင့် ယှဉ်ပြိုင်ပါက ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်နိုင်ကြောင်း၊
Jul 05, 2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၇)၌ မိမိ၏ အစအနောက်သန်မှုကြောင့် သူတစ်ပါး ဒုက္ခရောက်ရပုံအကြောင်း တင်ဆက်ထားသည့် “အစအနောက်သန်သူ” မျက်နှာဖုံးကာတွန်း၊ ရေမြောင်းကူးတံတားကို ကူထိုး‌‌ပေးရာက ကုသိုလ်လည်းရ ဝမ်းလည်းဝခဲ့ပုံအကြောင်း ရေးဖွဲ့ထားသည့် “

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ