ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Feb 25, 2022
“မမဆိုသော သမီးကြီး” စာအုပ်တွင်   မိသားစုတစ်စု၏အကြီးဆုံးသမီးဖြစ်သူ မိန်းကလေးတစ်ဉီး၏ အလုပ်တစ်ဖက်နှင့် ပညာရေးကို ကြိုးပမ်းအားထုတ်ရင်း ညီမငယ်လေးများအတွက် စံပြဖြစ်အောင် ဉီးဆောင်ပုံ၊ အစ်မကြီးအမိအရာ ရပ်တည်သွားပုံ၊ ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရပုံတို့ကို “နုနုငယ်ငယ်မမ၊
Feb 24, 2022
အစည်းအဝေးတွင် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၂၂) ကို ဆောလျင်စွာ ပြုစုထုတ်ဝေရေးနှင့် စာတည်း အဖွဲ့က ပြုစုထားသည့် စာမူများအပေါ် မြန်မာ့ရည်ညွှန်းကျမ်းစီစဉ်ရေးအဖွဲ့က အကြံပြုလမ်းညွှန်နိုင်ရေး အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊
Feb 24, 2022
“ဇာတကနောက်ခံ ရခိုင်သာခြင်းများ၏ အပြောက်အမွမ်း” စာအုပ်တွင် တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေသော ဇာတကနောက်ခံ ရခိုင်သာခြင်းများကို သုတေသနပြု ဖော်ထုတ်လေ့လာတင်ပြထားသော စာအုပ်ဖြစ်သည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ