ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Aug 30, 2022

 ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ ဘာသာရပ်အလိုက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရက် နံနက် ၁၀ : ၀၀ နာရီက ရန်ကုန်မြို့၊  ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဦးမောင်လှိုင် (မောင်ဆွေငယ်)၊ ဒေါက်တာတင်မောင်ထွန်း (ဒေါက်ထွေး-ဆေး/မန်း)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)နှင့် ဦးတိုးကျော် (စာတည်းမှူးချုပ်) တို့ တက်ရောက်ခဲ့ကြပါသည်။ 

Aug 30, 2022
သုတဆောင်းပါးကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စေနိုင် ရေးကို တစ်ကမ္ဘာလုံး သတိထားမိစေရန် စတင်ခဲ့သည့် စာရေးဆရာမရေချယ်ကာဆန်အကြောင်းကို ဗဟုသုတရဖွယ်တင်ဆက်ထားသည့် “သဘာဝပတ်ဝန်းကျင်ချစ်ခင်သူ ရေချယ်ကာဆန်” သုတဆောင်းပါး ကို တင်ဆက်ထားပါသည်။ မိဘများအနေဖြင့် သားသမီးများကို နွေးနွေးထွေးထွေးဆက်ဆံကာ ပျော်ရွှင် ချမ်းမြေ့စွာ
Aug 29, 2022
အဆိုပါ အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က အဖွင့်အမှာစကား ပြောကြားကာ စာပေဗိမာန်မှ အရာထမ်း၊ အမှုထမ်းတို့၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာကိစ္စများ ဆန္ဒဖော်ထုတ်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခဲ့ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ