ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Oct 12, 2022
၂ဝ၂၂ ခုနှစ် စက်တင်ဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “ယဉ်ယဉ် (ဘက်ရဲ)” ရေးသားသည့် “ကြယ်မကြွေသော ထိုကောင်းကင်” စာအုပ်ကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ စာအုပ်သည် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် လူငယ်စာပေ ပထမဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲ စာစဉ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
Oct 11, 2022
KSB SINGAPORE (ASIA  PACIFIC) PTE.LTD (REPRESENTATIVE OFFICE) (In Members Voluntary Winding-up)၊ CHAN MYAE THAZIN GEMS & JEWELLERY CO., LTD၊ JEWEL NEST GROUP GEMS &  JEWELLERY CO., LTD၊ JADE NEST GROUP GEMS & JEWELLERY CO., LTD၊ CORAL VILLAGE FAMILY GEMS
Oct 07, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၁)၌ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ဘွားဘွားရှိရာ ကျေးရွာလေးသို့ အလည်အပတ် သွားရောက်ခဲ့သော မေပြည့်၏ အတွေ့အကြုံများနှင့် သီတင်းကျွတ်မီးထွန်းပွဲတော်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားသည့် “သီတင်းကျွတ် ပွဲတော်” မျက်နှာဖုံးကာတွန်း၊ သီတင်းကျွတ်လပြည့်နေ့၌ မိဘများကို မိမိစုထားသည့် မုန့်ဖိုးများနှင့် မုန့်များ

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ