ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jul 03, 2023
နိုင်ငံချစ်စိတ်ဖွံ့ဖြိုးစေမည့် ကဗျာများ၊ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းကြစေရန် စေ့ဆော်သည့် ကဗျာများ၊ မိဘမေတ္တာဖွဲ့ ကဗျာများ၊ အတွေး အမြင် ကဗျာများ၊ ကျေးလက်အလှ ကဗျာများ စသည်ဖြင့်
Jun 30, 2023
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ(၅၅)၊ အမှတ်(၂၆) စည်းကမ်းမရှိသည့်အတွက် ပုံဆွဲခဲတံလေးပျောက်ဆုံးသွားသော်လည်း ကံကောင်းစွာ ပြန်လည်တွေ့ရှိသွားသည့်အကြောင်း တင်ဆက်ထားသည့်
Jun 28, 2023
ယင်းစာအုပ်တွင် စာရေးသူက သဲကုန်းမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်း၊ မြို့တစ်ပေါက် မြို့ဟောင်း၊ တဘူးမြို့ဟောင်း၊ သာယာဝတီမြို့ဟောင်း၊ လှိုင်မြို့ဟောင်း၊ ဘုရားကြီးမြို့ဟောင်းနှင့် ပြည်မြို့ဟောင်းများကို  သမိုင်းခြေရာခံခရီးသွားလေ့လာ ရေးသားထားသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ