ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

May 31, 2024
အစည်းအဝေးတွင် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ယှဉ်ပြိုင်ထားသည့် ဘာသာရပ် ဆိုင်ရာစာမူများ ပဏာမအဆင့် ရွေးချယ်ထားမှုအခြေအနေကို စိစစ်ရွေးချယ်ရေး အဖွဲ့ဝင်များက ဆွေးနွေး ကြကြောင်း သိရသည်။
May 31, 2024
ယင်းစာအုပ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးစနစ်များအရ ပြောင်းလဲလာသော သစ်တော၊ သစ်ပင် စီမံအုပ်ချုပ်ရေးအကြောင်းကို စာတွေ့၊ လက်တွေ့ဖြင့်လည်းကောင်း၊ ၁၈၂၄-၁၈၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ်ပွဲပြီးသည့်အချိန်မှ မျက်မှောက်ခေတ် အခြေအနေအထိ စီမံမှု၊ ထိန်းသိမ်းမှုများကို အကိုးအထောက်များဖြင့်လည်းကောင်း၊
May 31, 2024
ယင်းစာအုပ်တွင် ခန္ဓာကိုယ်ကိုရင်းကာ လုပ်ကိုင်စားသောက်နေရသော မိန်းကလေးများ၏ ဘဝများနှင့် ထိုမိန်းကလေးများ၏ဘဝကို  ကူညီကယ်တင်ချင်သည့် သမီးနှစ်ယောက်၏မိခင် တစ်ခုလပ်အမျိုးသမီး၏ ခက်ခဲကြမ်းတမ်းသော လောကဓံကို ရင်ဆိုင်ခဲ့ပုံများကို စာဖတ်သူများ စာနာစိတ်များဝင်လာစေရန် ရေးဖွဲ့ထားသော  စာအုပ်ဖြစ်ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ