၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၊ အတွဲ(၅၁)၊ အမှတ်(၁၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင် ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး MSME ကို အားပေး” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် မြန်မာ့စီးပွားရေးတိုးတက်စေဖို့ MSME ကို အားပေးစို့၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး MSMEs ကို အားပေး၊ လူငယ်ရေးရာကဏ္ဍတွင် ၂၁ ရာစုပြိုင်ပွဲ Rat Race အကြောင်း၊ နှမြောဝမ်းနည်းမိတယ်၊ မေတ္တာပို့ရင် တကယ်ရောက်လား (၂)၊ ဘီးကလေးတွေကို စီးကြစို့၊ ကျေးဇူးရှင် ဆရာသခင်များနှင့် လုပ်ဖော်ကိုင်ဖက်များကို သတိရလွမ်းဆွတ်ခြင်း အပိုင်း(၅)၊ သာယာသောဘဝအတွက် လျှောက်လှမ်း ရမည့် ခြေလှမ်းများ၊ ကလေးဘဝ အနိုင်ကျင့်ခံရခြင်း၊ မူကြိုကျောင်းပညာရေးတွင် စတင်ရင်းနှီး မြှုပ်နှံခြင်း၊ လူငယ်နှင့် အားကစား၊ ကဗျာကဏ္ဍတွင် ချောင်းကလေး၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အင်္ဂလိပ်ဘာသာက ကမ္ဘာကို ဘယ်လို လွှမ်းမိုးသွားသလဲ၊ ကနေဒါနိုင်ငံ၏ အံ့အားသင့်ဖွယ် အကြောင်း အရာများ၊ ခရစ္စမတ်ပွဲတော် နွှဲပျော်ပျော်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ဗြိတိန်နိုင်ငံရောက် တရုတ် EV ကားများ၊ အလိုက်သင့်စီးမျောနေမည့် ဂျပန်၊ တရုတ် နှစ်နိုင်ငံကြား စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကျွန်ုပ်တို့ရဲ့ အသက်ကယ်ကြိုးတစ်မျှင် သို့မဟုတ် နျူကလီးယားစွမ်းအင်၊ စိတ်ကိုပြောင်းလဲစေသော ဓာတ်ပစ္စည်းပါ တိရစ္ဆာန်များ၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် သာယာလှပ လူမှုဘဝ မူးယစ်ကင်းစင်မှ၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် အတွေ့အကြုံများမှ သင်ခန်းစာယူ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ကင်ဆာရောဂါဖြစ်စေနိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဘောက်ဆူးပေးခြင်းဓလေ့၊ တွေးတောစဉ်းစား…လူသတ် သမား၊ အထွေထွေကဏ္ဍ တွင် စိတ်ဝိညာဉ် ဖယ်ခွာနိုင်သလားကွယ်၊ အနာဂတ်၏ စွမ်းအားရှင်များ၊ အမှတ်တရ ဒီဇင်ဘာ၊ လွတ်လပ်ရေးကို တန်ဖိုးထားကြပါစေ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ်(၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင်အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။