ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jun 04, 2024
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ အကောက်ခွန်ဦးစီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အမိန့် ကြော်ငြာစာတို့ ပါဝင်ပါသည်။ 
Jun 03, 2024
အဆိုပါကျမ်းတွင် ကောင်းကင်၌ ဂြိုဟ်တာရာတို့ တည်နေပုံ၊ ကမ္ဘာ့အပေါ်ယံ မြေလွှာအတွင်း၊ သက်ရှိတို့ အလိုအလျောက်မျိုးပွားခြင်း၊ မြေတွင်းကိုယ်ပျောက်တပ်၊ မြေဆီလွှာ ကောင်းမွန်ထက်သန်ရေး၊ ကျန်းမာရေးအတွက် နည်းကောင်းတစ်မျိုး၊ လူ့အကျိုး ဆောင် သဘာဝအားများ စသည်ဖြင့် သိပ္ပံပညာသုတေသနလုပ်ငန်းများကို စာစု (၉) ခု ခွဲခြားကာ ဖော်ပြထားပါသည်။
Jun 03, 2024
ကမ္ဘာပေါ်ရှိ အမျိုးသမီး သန်းပေါင်းများစွာအနက် အမေတိုင်း မိမိရင်သွေးများကို ချစ်ကြ၊ မေတ္တာထားကြသည်မှာ တူညီကြသော်လည်း အရွယ်ကောင်းမှာ မုဆိုးမဖြစ်ပြီး နောက်ထပ်တစ်ပင်မထူဘဲ ဘဝ နောက်ဆုံးအချိန် အသက် (၉၀) ကျော်အထိ လောကဓံကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ကာ သားသမီး များအား ကာကွယ်စောင့်ရှောက်သွားခဲ့သော အမေများစွာထဲက အမေတစ်ယောက်၊

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ