ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၅၂)၌ စည်သူတို့ သူငယ်ချင်းများ သိချင်သော သက်တံအကြောင်းကို အဘွားက ပြောပြ ထားပုံအား သရုပ်ဖော်ထားသည့် “ရောင်စုံတံတားလေး” မျက်နှာဖုံးကာတွန်း၊ လိပ်ပြာမယ်လေးရွှေရုပ်မှာ သူ၏ လှပသည့် အတောင်ပံများအပေါ် မာနကြီးပြီး ဘဝမြင့်မိသည့်အတွက် ဖမ်းဆီးခံရပုံအကြောင်း သရုပ်ဖော်ထားသည့် “မာနကြီးတဲ့ လိပ်ပြာမယ်” နှစ်မျက်နှာကာတွန်း၊ ကျောင်းဆရာဦးအောင်ကြီးက မိမိကြောက်ရသည်မှာ မိမိ၏ ကြောက်စိတ်ပင်ဖြစ်ကြောင်း တပည့်များကို ဆုံးမထားသည့် “ကြောက်စရာ” တစ်မျက်နှာကာတွန်း၊ အဝမလွန်ဘဲ အာဟာရဖြစ်အောင် နေထိုင်စားသောက်မှု မှန်ကန်စေရေး ဦးဦး ဖိုးရှုပ်က ကလေးများကို ဆုံးမထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ- အဝလွန်သူ” နှစ်မျက်နှာ ကာတွန်း၊ တပည့်မေသီဟန်က ဆရာဖြစ်သူကို သတိတရဖြင့် လာရောက်ကန်တော့သည့်အကြောင်း သရုပ်ဖော်ထားသည့် “ပီတိအပြုံး” နှစ်မျက်နှာကာတွန်းနှင့် လင်းသစ်နှင့် သူ၏အဖေတို့ အပြန်အလှန် စကားနိုင်လုပြောထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “လင်းသစ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သရဏဂုံဆောက်တည်ခြင်း၏ အကျိုးတရားနှင့် အစွမ်းများအကြောင်း ဗဟုသုတရရှိစေရန် ရေးသားထားသည့် “သရဏဂုံအစွမ်း အံ့မခန်း” သုတဆောင်းပါးကဏ္ဍ၊ ဟိန်းစည်သည် စာပေရော အားကစားပါ ထူးချွန်သူဖြစ်ပြီး သူ၏ ဉာဏ်ကောင်းပုံနှင့် တွေးခေါ်မြော်မြင်တတ်ပုံအကြောင်း ရေးသား ထားသည့် “စာပေဖတ်က ဂုဏ်တင့်စွ” ဝတ္ထုကဏ္ဍ၊ သူတော်ကောင်းယောင် ဟန်ဆောင်နေသော ကြောင်ဖြူသည် နောက်ဆုံးတွင် တောခွေး၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံလိုက်ရသည့်အကြောင်း ရေးသားထားသည့် “သူတော်ကောင်းယောင်ဆောင်သူ” ပုံပြင်ကဏ္ဍ၊ နံနက်စောစော လမ်းလျှောက်ရန်၊ လေ့ကျင့်ခန်းများ ပြုလုပ်ရန်နှင့် ကျန်းမာစေရန် အားလုံးပါဝင်သင့်ကြောင်း ရေးဖွဲ့ထားသည့် “ကျန်းမာ စေဖို့ လမ်းလျှောက်စို့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာအနေနဲ့ တိုက်ခန်းတံခါး သော့ အခန်းထဲတွင် မေ့ကျန်ခဲ့ပြီး သော့ခတ်မိသွားသည်ကို အပြန်အလှန် ပြောဆိုထားသည့်အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ဉာဏ်စမ်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။