ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း စာပေဗိမာန်အဖွဲ့အား ကိုယ်ပိုင်ဥပဒေနှင့်အညီ ရပ်တည်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဖွဲ့စည်းရပ်တည်ရေးအတွက် စာပေပညာရှင်ကြီးများနှင့် ဥပဒေပညာရှင်ကြီးများ ပါဝင်သော မြန်မာနိုင်ငံ ဘာသာပြန်အသင်း (စာပေဗိမာန်) အား ကိုယ်ပိုင်ဥပဒေနှင့်အညီ ရပ်တည်နိုင်ရေး ဥပဒေရေးဆွဲရေးအဖွဲ့အား အောက်ပါပုဂ္ဂိလ်များ ပါဝင်လျက် ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်သည်။
(က) စည်သူဦးသော်ကောင်း ဥက္ကဋ္ဌ
(ခ) ဦးစံလွင် (တောင်ခိုး) အဖွဲ့ဝင်
(ဂ) ဒေါက်တာ ဦးတင်အောင်အေး (ဥပဒေပညာရှင်) အဖွဲ့ဝင်
(ဃ) ဦးမောင်မောင် (စာကြည့်တိုက်ဖောင်ဒေးရှင်း) အဖွဲ့ဝင်
(င) ဦးခင်အေး (မောင်ခင်မင် - ဓနုဖြူ) အဖွဲ့ဝင်
(စ) ဦးဟန်ညွန့် (ဦးဟန်ညွန့် - ဥပဒေ) အဖွဲ့ဝင်
(ဆ) ဦးအေးချို (မဟာဝိဇ္ဇာ) (ဥပဒေပညာရှင်) အဖွဲ့ဝင်
(ဇ) ဦးမောင်မောင် (ကြည်ရွှန်း၊ ဥပဒေ) အဖွဲ့ဝင်
(ဈ) ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း) အဖွဲ့ဝင်
(ည) ဦးသန့်မြင့်ဦး (သန့်မြင့်ဦး) အဖွဲ့ဝင်
(ဋ) ဦးမျိုးအောင် (မျိုးအောင် - ရုက္ခဗေဒ) အဖွဲ့ဝင်
(ဌ) ဦးတင်ကြည် (ဥပဒေ) အဖွဲ့ဝင်
(ဍ) ဦးမောင်လှိုင် (မောင်ဆွေငယ်) အတွင်းရေးမှူး
(ဎ) စာတည်းမှူးချုပ်၊ စာပေဗိမာန် တွဲဖက်အတွင်းရေးမှူး
အဆိုပါ ဥပဒေ ရေးဆွဲရေးအဖွဲ့အနေဖြင့် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲခြင်းလုပ်ငန်းကို ယခုအခါ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။