၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၄၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ e-book

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၄၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ပါသည်။ ယခုအပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာ၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာ စာ၊  ပြန်ကြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စု ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ပြည် ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့် ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန အမိန့်ကြော်ငြာစာ၊ တိုင်းရင်းဆေးပညာဦးစီးဌာန အမိန့် ကြော်ငြာစာ၊ စီမံရေးရာဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၄) တွင် SUN FOREST COMPANY LIMITED ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ ASIA WINE NETWORK (MYANMAR) COMPANY LIMITED လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ဒီစီအမ်း(န်)ရှာ ကုမ္ပဏီလီမိတက် (D'SCIENTIA COMPANY LIMITED) လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက် သိမ်းကြောင်း ကြေညာခြင်း၊ Infinity T9 Auto Company Limited Registration No. 137476967 မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ(၃၄၅) အရ ကုမ္ပဏီအား အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်းတို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၁၂၂၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို  အမှတ်-၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့်   ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်  ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အမှတ်-၂၂၈၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း ၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ