၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၃၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ e-book

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၃၈) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ပါသည်။ ယခုအပတ်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ အမိန့်ကြော်ငြာစာ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ ပြန်ကြားရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန အမိန့်ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့် ကြော်ငြာစာ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အကောက်ခွန်ဦးစီးဌာန အမိန့် ကြော်ငြာစာ၊ ကုသရေးဦးစီးဌာန အမိန့်ကြော်ငြာစာတို့ ပါဝင်ပါသည်။ 

အပိုင်း (၄) တွင် Notice NAITO COMPANY LIMITED Under the Insolvency Law (In members’ Voluntary Liquidation) Final Meeting တို့ ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းဈေးမှာ တစ်စောင်လျှင် ၁၂၂၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို  အမှတ်-၅၂၉-၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ဖုန်း-၀၁၈၂၄၉၀၃၁ နှင့်   ၀၁-၈၃၈၁၄၄၈၊ အမှတ်- ၅၅ (တ)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင်  ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇ တို့တွင် ဖြန့်ချိရောင်းချလျက်ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ အမှတ်-၂၂၈၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲ ဖုန်း ၀၁-၂၅၁၈၉၂၊ ၀၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ