၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်ထုတ် အတွဲ (၇၆) ၊ အမှတ် (၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတစ်ဆင့် စတင်ဖြန့်ချိ ရောင်းချလျက် ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၄)တို့ ပါရှိပါသည်။

အပိုင်း (၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည် ဖော်ရေးကော်မတီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ ပညာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊

အပိုင်း (၂) တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊ 

အပိုင်း (၄) UNITY E & R COAL COMPANY LIMITED Company Registration No. 103994012၊ Care4u Myanmar Company Limited လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၏ ပုဒ်မ ၁၄၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာ နည်း ဥပဒေများ၏ နည်းဥပဒေ ၉ နှင့် ၁၅ (ခ) အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းရန် အထူးဆုံးဖြတ်ချက်၊ LAFARGE MYANMAR SERVICES LIMITED (ကုမ္ပဏီမှတ်ပုံတင်အမှတ် - ၁၁၂၅၈၂၅၆၈) (ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ FUTURE TECH TELECOM NETWORK LTD မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ - ၃၅၀ (က) နှင့် လူမွဲခံယူ ခြင်းဆိုင်ရာဥပဒေ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံး အစည်းအဝေးဖိတ်ကြားခြင်း၊ CHRISTIANI AND NIELSEN (MYANMAR) LIMITED မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေများအရ ကုမ္ပဏီအား အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ကြွေးမြီကင်းရှင်းကြောင်းကြေညာချက်၊ CCMYANMAR LINK LTD Company Registration No. 127274738 လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၏ ပုဒ်မ ၁၄၇ နှင့် လူမွဲခံယူခြင်းဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၉ နှင့် ၁၅ (ခ) အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် အထူးဆုံးဖြတ်ချက်၊ တို့ပါဝင်ပါသည်။

ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင် လျှင် ၆၇၅ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ်-တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ