ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jun 20, 2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၂၅)၌ လူတို့၏ သစ်ပင်များကို စည်းကမ်းမဲ့ ခုတ်ထွင်မှုကြောင့် သဘာဝတောတောင်များ ပျက်စီးရကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးချို သိလိုက်သော အသိ” မျက်နှာဖုံးကာတွန်း၊ မိမိ အတွက် အန္တရာယ်မကင်းသော အလုပ်ကို လုပ်ကိုင်မိ၍ အသက်ဘေးနှင့် ကြုံတွေ့ခဲ့ရသော မျောက် အကြောင်းကို သရုပ်ဖော်ထားသည့်
Jun 19, 2025
မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှ စတင်ကာ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ်ကြငှန်းဘဝမှ ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်သို့ နေ့ချင်းညချင်းကျရောက်ကာ လွတ်လပ်သော အချုပ်အခြာပိုင်နိုင်ငံအဖြစ်မှ လက်အောက်ခံနိုင်ငံဘဝသို့ နိမ့်ဆင်းသွားခဲ့ရပေသည်။
Jun 19, 2025
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “စာပေအနုပညာမူပိုင်ခွင့်ဥပဒေအကြောင်း သိကောင်းစရာ” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်၊ ဥပဒေကိုမသိ၍ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ လူငယ်ရေးရာကဏ္ဍတွင် ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်၊

အကြံပြုစာ/တိုင်ကြားစာ