ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Oct 14, 2025
စပ်ထုံးစပ်နည်းများ မှန်ကန်သည့်အပြင် ရွတ်ဖတ်ရာတွင်လည်း ချိုသာပြေပြစ်သည်။ ကျေးလက် အလှ၊ မြန်မာမှု မြန်မာ့ဓလေ့၊ မိဘမေတ္တာ၊ နိုင်ငံချစ်စိတ်၊ ဇာတိမာန်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုင်ရာ ကဗျာများ၊ အတွေးရသကဗျာများ စသည်ဖြင့် အကြောင်းအရာစုံလင်သည်။ ကဗျာအကြောင်းအရာများကို တင်ပြရာတွင်လည်း အတွေးသစ်၊ အမြင်သစ်၊ ရှုထောင့်သစ်များမှ ရှုမြင်ထားပုံများလည်းပါရှိပြီး တင်ပြပုံများ ကောင်းမွန်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
Oct 08, 2025

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၄၀)၌ သီတင်းကျွတ်ပွဲတော်တွင် သူငယ်ချင်းများနှင့် ဗြောက်ဖောက် ကစားကာ အခြားသူများကို လန့်အောင်ပြုလုပ်ခဲ့ရာမှ မိမိတွင်လည်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပုံကို သရုပ်ဖော်ထားသည့် “ကုသိုလ်လည်းရ ဝမ်းလည်းဝ” မျက်နှာဖုံးကာတွန်း၊ သီတင်းကျွတ်လပြည့်နေ့တွင် လူကြီးသူမများကို ကန်တော့ကြပုံနှင့် မုန့်ဖိုးများ ပ

မြန်မာနိုင်ငံပြန်တမ်း

အကြံပြုစာ/တိုင်ကြားစာ