ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 07, 2023
နှီးနှောဖလှယ်ပွဲတွင် ကိုသင်း (ကာတွန်းပညာရှင်) က “ကလေးကာတွန်းများ ဖန်တီးခြင်းနှင့် ကာတွန်းအရောင်ထည့်ခြင်းဆိုင်ရာ အယူအဆများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်တင်တင်ဝင်း (ဒုတိယ စာတည်းမှူးချုပ်-ငြိမ်း) က “ကလေးစာပေရေးသားခြင်း၊ ကလေးကဏ္ဍများ ဖြည့်စွက်ခြင်း နှင့် ဆောင်ရန် ရှောင်ရန်အချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း ပို့ချခဲ့ရာ အရာထမ်း (၁၆) ဦး၊ အမှုထမ်း (၁၆) ဦး၊ စုစုပေါင်း ဝန်ထမ်း (၃၂) ဦး
Mar 06, 2023

 ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံး စာကြည့်တိုက်ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲသင်တန်းကျင်းပ
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးရှိ စာကြည့်တိုက်ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ပညာရပ် ခွဲဝေမှုသင်တန်းကို (၃-၃-၂၀၂၃) ရက် နံနက် (၁၀:၃၀) နာရီမှ ညနေ (၁၂:၃၀) နာရီအထိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

Mar 03, 2023
၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၉)၌ မိမိတို့၏ မှားယွင်းသောလုပ်ဆောင်ချက်များကို သတိမပြုမိဘဲ သူတစ်ပါးကိုသာ အပြစ်မြင် တတ်သော သားသမီးများကို ဆုံးမသည့်အကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “မေတ္တာရေစင်” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို ခိုးယူခြင်းမပြုဘဲ မိမိတို့တတ်နိုင်သည့် ဘက်မှ

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ