စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထုတ်  သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၊ အတွဲ (၅ဝ)၊ အမှတ်(၉) ကို  ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်း ပိုင်း တွင် ပါဝင်သောစာမ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။ 

လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံသာယာဝပြောဖို့ သဘာဝတောတွေ ထိန်းသိမ်းစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ကမ္ဘာကြီးကို ဘယ်လို စောင့်ရှောက်ကြမှာလဲ၊ အာရ်အီးဒီဒီ+မဟာဗျူဟာ၊ လူငယ် ရေးရာကဏ္ဍတွင် ပြည်သူ့နီတိ သို့မဟုတ် နိုင်ငံသားများ၏တာဝန်၊ ပါမောက္ခကြီးနှင့် မေးခွန်းဗလာ၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားကောင်းမွန်ရေး၊ သဘာဝ၏ အနှစ်သာရ၊ မှန်ကန်ယဉ်ကျေး ချိုသာအေး ဆိုရေးတတ်ပါစေ၊ ဘာ (Ber) အစပြုရာ စက်တင်ဘာ၊ BTS နှင့် ဗဟိဒ္ဓမျက်နှာဖုံး၊ ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း လန်းကြပါစေ၊ လူငယ်နှင့် Vaping အန္တရာယ်၊ ကဗျာကဏ္ဍတွင် ဘဝနာရီ၊ နိုင်ငံတကာ ဆိုင်ရာကဏ္ဍတွင် ဘူမိအပူစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း (အပိုင်း-၁)၊ မိုနာလီဇာပဟေဠိကို အဖြေညှိကြသူများ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရာသီဥတုကြောင့် ခေါင်းကိုက် ခေါင်းခဲ ဖြစ်နေကြသူများ၊ လက်တွဲဖော်သေဆုံးတဲ့အခါ ကျန်ခဲ့တဲ့ငှက်တစ်ကောင် လိုက်သေကြလေ့ ရှိ မရှိ၊ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာကဏ္ဍတွင် ကလေးစစ်သားပပျောက်ရေး Social Influencer များ ဝိုင်းဝန်းပေး၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် ချစ်ပ်စစ်ပွဲပရိယာယ်နှင့် အကျိုးသက်ရောက်မှု၊ နိုင်ငံ့ စီးပွားမြှင့်တင်ရန် ကုန်ထုတ်လုပ်မှုအခြေခံ၊ သူရဲကောင်းနှင့်တူသော စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ အမုန်း စကားဆိုင်ရာကဏ္ဍတွင် အမုန်းစကား ဆန့်ကျင်ဖို့ တို့တွေအားလုံး ညီညွတ်စို့၊  ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၆၁)၊ ကော်ဖီနှင့် ကျန်းမာရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပင်လယ် ကမ်းခြေမှာ တစ်နေ့တာ၊  ဝတ္ထုတိုကဏ္ဍတွင် အလင်းရောင်လေးတွေ ပေးဝေသူ၊ အထွေထွေကဏ္ဍတွင် သရေခေတ္တရာမြို့ဟောင်းမှ သူရဲကောင်း မော်ကွန်းကျောက်တိုင်၊ တောင်သူလယ်သမားအရေး လက်မနှေးခဲ့ပါ၊ ဆူနာမီဒုက္ခဘုံထဲမှ ကလေးသူငယ်များ ကယ်တင်ရေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။

သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

2-230

အကြံပြုစာ/တိုင်ကြားစာ