ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Mar 30, 2026
San Htike Thaw Co., Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၄၇၊ ပုဒ်မ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၃၄၅၊ ပုဒ်မ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန်ကြေညာခြင်း၊ Aye Chan Pyae Sone Co., Ltd မြန်မာနိုင်ငံလူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၄၇၊ ပုဒ်မ၁၅၂ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၃၄၅၊ ပုဒ်မ၂၅၀ တို့အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်းတို့ ပါဝင်ပါသည်။   
Mar 30, 2026
ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၃)၌ မိတ်ဆွေအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် ယုန်ကလေးကို အသက်ဘေးအန္တရာယ်မှ ကယ်တင်လိုက်နိုင်ခဲ့သော ယုန်လေး၏ မိတ်ဆွေသူငယ်ချင်းများအကြောင်း သရုပ်ဖော်ထားသည့် “အဆွေခင်ပွန်း” မျက်နှာဖုံးကာတွန်း၊
Mar 26, 2026
၂၀၂၅ ခုနှစ်အတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရေး ၂၀၂၅ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်များကို စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီရုံး စာပေဗိမာန်သို့ ပေးပို့ကြရန် စာရေးသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေဖြန့်ချိသူများနှင့် ပြည်သူများကို နိုင်ငံပိုင် သတင်းစာများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်းဌာနများမှတစ်ဆင့်

မြန်မာနိုင်ငံပြန်တမ်း

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ