ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၃)၌ မိတ်ဆွေအချင်းချင်း စည်းလုံးညီညွတ်မှုဖြင့် ယုန်ကလေးကို အသက်ဘေးအန္တရာယ်မှ ကယ်တင်လိုက်နိုင်ခဲ့သော ယုန်လေး၏ မိတ်ဆွေသူငယ်ချင်းများအကြောင်း သရုပ်ဖော်ထားသည့် “အဆွေခင်ပွန်း” မျက်နှာဖုံးကာတွန်း၊ မိုးရွာသော ညတစ်ညတွင် တောင်းကို ခေါင်းဆောင်းလာသော ကလေးငယ်အား ထင်ယောင်ထင်မှားဖြင့် ကန်လိုက်မိသော ဦးအောင်ကြီး အကြောင်း သရုပ်ဖော်ထားသည့် “ခေါင်းကြီး ကိုယ်သေး သရဲ” နှစ်မျက်နှာကာတွန်း၊ ဟန်ဆောင် လိမ်ညာလှည့်ဖြားတတ်သူများသည် နောက်ဆုံးတွင် ဒုက္ခဖြင့်သာ အဆုံးသတ်ရလေ့ရှိကြောင်း သရုပ်ဖော်ထားသည့် “ကုန်သည်နှင့်် မြင်း” နှစ်မျက်နှာကာတွန်း၊ မိတ်ဆွေများ၏ အကြံပေးစကားကို အလေးမထား၊ လုပ်စရာရှိသည်ကို အချိန်ဆွဲတတ်သော ရှဉ့်ကလေးအကြောင်း သရုပ်ဖော်ထားသည့် “အလုပ်ကို နေ့မရွှေ့ပါနဲ့” နှစ်မျက်နှာကာတွန်း၊ ချောင်းဆိုးမည်ကို စိုးရိမ်စရာ မလိုပါဘူးဆိုသော ဟန်သီမအကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာ ဟာသကာတွန်း၊ သူငယ်ချင်း များကို အဒေါ်ဖြစ်သူနှင့် မိတ်ဆက်ပေးနေသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍအနေဖြင့် Blind Box အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် မီးဖြင့် မကစားမိစေရန် ဆုံးဖြတ်ချက်ချလိုက်သော ဖိုးနီတို့ သူငယ်ချင်းသုံးဦး အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် တီမောသီ ဇွန်းလေး၏ သကြားအိုး ရှာပုံတော်အကြောင်း ရေးသားထားပါသည်။ ထို့ပြင် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် အချင်းချင်း ပြောဆို ဆက်ဆံရာတွင် လိုက်နာကျင့်သုံးအပ်သော အပြုအမူကောင်းများအကြောင်း ရေးဖွဲ့ထားသည့် ဆရာ အောင်ဇော်ဦး (ကြို့ပင်ကောက်)၏ “ပေါင်းသင်းဆက်ဆံရေး” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။