Jun 04, 2024
ယနေ့ကာလတွင် နိုင်ငံအတွင်း၌ လူမှုစီးပွားတည်ငြိမ်မှုကို ပျက်ပြားစေမည့် ရွှေနှင့် ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေသည့် သတင်းစကားများကြောင့် ရောင်းဝယ်ဖောက်ကားမှုဈေးကွက်များတွင် ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အကျိုးဆက်ကို ပြည်သူများခံစားကြရသည်။ အရောင်းအဝယ်ဈေးကွက်ကို တန်ဖိုးဖြတ်သည့် ရွှေနှင့် နိုင်ငံခြားငွေဈေးနှုန်း ကမောက်ကမဖြစ်စေရန် ဖန်တီးခဲ့ကြသည့် ဝိသမလောဘသားများကို နိုင်ငံတော်က ပြည်သူများအကျိုးစီးပွားကိုရှေးရှုပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့သည်။
Jun 04, 2024
မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတတည်ရှိမှု လျော့နည်းကျဆင်းလျက်ရှိနေပြီဖြစ်ရာ ငါးမျိုးမပြုန်းတီးရေးအတွက် ငါးရစ်ငါးသန်ကာလတွင် ငါးမဖမ်းရ ရာသီသတ်မှတ်၍ ရေရှည်စားသုံးနိုင်ရေး သက်ဆိုင်ရာကဆောင်ရွက်လျက်ရှိရာ နားလည်လက်ခံသည့် လုပ်ငန်းရှင်များရှိသကဲ့သို့ လတ်တလောအခက်အခဲကို သည်းမခံနိုင်သည့်လုပ်ငန်းရှင်များ၊ ငါးမဖမ်းရရာသီအတွင်း ငါးခိုးဖမ်းနေသော ရေယာဉ်များရှိနေကြောင်း သတင်းများတွင် တွေ့ရသည်။ ငါးမဖမ်းရရာသီသတ်မှတ်ခြင်းသည် ငါးသယံဇာတ လျော့နည်းကျဆင်းလာသည့် အခြေအနေကြောင့် မဖြစ်မနေဆောင်ရွက်ရခြင်းဖြစ်ပြီး မိမိတို့နိုင်ငံကဲ့သို့ပင် အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဆောင်ရွက်နေပြီး ငါးခိုးဖမ်းခြင်းများမရှိစေရန် ၎င်းတို့၏ စစ်ရေယာဉ်များ၊ ကမ်းခြေစောင့်ရေယာဉ်များဖြင့် စောင့်ကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 02, 2024
ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးအတွက် ကုန်စည်စီးဆင်းမှု တည်ငြိမ်ချောမွေ့မှန်ကန်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု မှန်ကန်တည်ငြိမ်ရေးအတွက် ငွေကြေးဈေးကွက် တည်ငြိမ်မှန်ကန်မှုရှိရန်လိုအပ်ပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှသာ ပြည်သူလူထုကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိသော စက်သုံးဆီမှအစ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများ တည်ငြိမ်ချောမွေ့စွာ လည်ပတ်နိုင်မည်ဖြစ်သည်။ ငွေကြေးတန်ဖိုးမတည်ငြိမ်လျှင် ငွေကြေးဖောင်းပွမှုဖြစ်လာပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင် အခက်အခဲများရှိလာနိုင်သည်။
Jun 02, 2024
သမိုင်းဝင်လူ့ယဉ်ကျေးမှုတို့ မစတင်မီကပင် ရှေးဦးလူတို့နှင့်အတူ တေးသီချင်းသီဆိုမှုနှင့် တီးမှုတ်မှုဂီတတို့ ရှိနှင့်ပြီးဖြစ်သည်ဟူ၍ ပညာရှင်များက ယူဆကြသည်။ ကာလနှင့် ဒေသအလိုက် လူသားတို့၏ ယဉ်ကျေးမှုများ တစ်ဆင့်ပြီးတစ်ဆင့် မြင့်သည်ထက်မြင့်လာသောအခါ နိုင်ငံအလိုက်၊ လူမျိုးအလိုက် ကွဲပြားခြားနားသည့် ဂီတများစွာပေါ်ထွန်းလာသည်။ မည်သည့်ဂီတပင်ဖြစ်စေ တူညီသည့်အချက်မှာ သီဆိုသူ၊ နားဆင်သူတို့၏ စိတ်နှလုံးကို ရသခံစားမှုဖြစ်ပေါ်စေနိုင်ခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။
Jun 01, 2024
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးတို့တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုလျှော့ချရေး လှုပ်ရှားမှုများဆောင်ရွက်ရန် နှစ်စဉ် မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” (ကမ္ဘာ့ဆေးရွက်ကြီးမသုံးစွဲသောနေ့) အဖြစ် ၁၉၈၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် သတ်မှတ်ခဲ့သည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေရုံသာမက ရောဂါအမျိုးမျိုးခံစားကြရပြီး အသက်ဆုံးရှုံးစေနိုင်သည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အများပြည်သူတို့အား သတိပေးနှိုးဆော်လိုခြင်းကြောင့်လည်း ဖြစ်သည်။
Jun 01, 2024
ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိသည့် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်ဖြစ်သည်။ အစဉ်အလာအားဖြင့် သာယာလှပနှစ်လိုဖွယ်ရာကောင်းသောမြို့ကို အစဉ်စိမ်းလန်းစိုပြည်သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အကြီးအကဲက အခါမလပ်သွားရောက်ပြီး မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်မှာကြားလျက်ရှိသည်။
May 31, 2024
မြန်မာနိုင်ငံတွင် စက်မှုဇုန်နှင့်ပတ်သက်သည့်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် နည်းဥပဒေများကို ၂၀၂၄ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
May 31, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ယခုနှစ် ဒီဇင်ဘာလတွင် အဆင့်အတန်းမြင့်မြင့်မားမား၊ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ကျင်းပခဲ့ရာ ယခုတစ်ကြိမ်သည် နှစ်ပေါင်း ၃၂ နှစ်အတွင်း ငါးကြိမ်မြောက်ဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့သည့်အကြိမ်နှင့် ၁၀ နှစ်နီးပါးခန့် ကွာဝေးလျက်ရှိသည်။
May 30, 2024
ကျောင်းသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အားကစားပြိုင်ပွဲတို့သည် တစ်နိုင်ငံလုံးနှင့်ဆိုင်သည့်၊ တစ်မျိုးသားလုံးနှင့်အကျုံးဝင်သည့် အမျိုးသားအားကစားပွဲတော်များ ဖြစ်ပါသည်။ အလားတူတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားအားကစားပွဲတော်ကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့ဖူးပါသည်။ အမျိုးသား အားကစားပွဲတော်များသည် တစ်မျိုးသားလုံးအတွက် ဇာတိမာန်၊ အမျိုးသားအားမာန်များ တက်ကြွနိုးကြားစေပါသည်။
May 30, 2024
နိုင်ငံတကာသတင်းများအရ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံတို့တွင် နွေရာသီအမြင့်ဆုံး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ကျော်လွန်သည်အထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားရာ မြန်မာနိုင်ငံ ချောက်မြို့တွင် ဖြစ်ပေါ်ခဲ့သည့်အမြင့်ဆုံးအပူချိန်ထက် များစွာပိုမိုနေသည်ကို တွေ့ရသည်။ မိမိတို့နိုင်ငံတွင်မူ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်လ်” ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်ခြင်း ကြောင့်လည်းကောင်း အပူရှိန်တို့လျော့ကျလာပြီဖြစ်သည်။
