Skip to main content
Dec 16, 2024
မြန်မာလူငယ်များအတွင်း Pod ခေါ် အီးစီးကရက်သုံးစွဲမှု မြင့်တက်လာလျက်ရှိရာ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားငယ်အချို့ ကျောင်းသို့ ယူဆောင်လာသည်ကိုပင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။ တစ်ဖက်တွင်လည်း အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့်ဆိုင်များကလည်း Podကို သုံးစွဲသင့်ကြောင်း၊ ဘေးထွက်ဆိုးကျိုးမရှိကြောင်းနှင့် ဆေးလိပ်ဖြတ်ရာတွင် အထောက်အကူပြုကြောင်း၊ ပေါ့ဒ်ကိုသုံးစွဲခြင်းက ခေတ်မီခြင်း၏ ပြယုဂ်ဖြစ်ပြီး စမတ်ကျကြောင်းစသည်ဖြင့် အွန်လိုင်းတွင် ဆွဲဆောင်ကြော်ငြာ အရောင်းမြှင့်တင်မှုများ ပြုလုပ်နေကြသည်ကိုလည်း အများအပြား တွေ့ရှိနိုင်သည်။
Dec 15, 2024
မြန်မာတို့၏ ဆယ့်နှစ်လရာသီ လစဉ်လတိုင်း၏ လပြည့်နေ့အခါသမယတွင် ထူးမြတ်သည့် ဗုဒ္ဓဓမ္မနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ နေ့ထူးနေ့မြတ်တစ်မျိုးစီရှိကြသည်။ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကျင်းပသည့် တန်ခူးလပြည့်နေ့၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ နယုန်လပြည့် (မဟာသမယနေ့)၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၊ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)၊ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၊ တန်ဆောင် မုန်းလပြည့်( သာမညဖလအခါတော်နေ့)၊ တပို့တွဲလပြည့် (ဩဝါဒပါတိမောက်နေ့)၊ တပေါင်းလပြည့် (မြတ်ဗုဒ္ဓပြည်တော်ဝင်နေ့) ဟူ၍ အသီးသီးအထင်အရှားရှိသည်။
Dec 15, 2024
အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုက ပြည်သူလူထုအပေါ်ရိုက်ခတ်မှုကြီးမားသည်။ အထူးသဖြင့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ သားငါး၊ ဟင်းသီးဟင်းရွက် စသည့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာမှုက ဝင်ငွေနည်းပြည်သူများ၊ လခစားဝန်ထမ်းများ၊ အခြေခံလူတန်းစားများအပေါ်တွင် ကြီးမားသည့်သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ကုန်ဈေးနှုန်းများကြီးမြင့်လာရခြင်း၏ အခြေခံအကြောင်းရင်းများတွင် ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ငွေကြေးဈေးကွက်မတည်ငြိမ်မှု၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်မှုတို့အပါအဝင် အခြားအကြောင်း အရာများလည်းရှိနေသည်။ နောက်ထပ်အကြောင်းများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကာလအပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။
Dec 14, 2024
မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ပစ္စည်းများ အရည်အသွေးအရည်အချင်းပြည့်မီ၍ စံချိန်စံညွှန်းပြည့်မီမှုသည် အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရပ်ရပ်တို့ကို အကြောင်းပြု၍ ပြည်သူများ၏ လူမှုဘဝယဉ်ကျေးမှုအခြေအနေများ စီးဆင်းလိုက်ပါပြောင်းလဲမှုအရ ဝင်ငွေနှင့် ထွက်ငွေလိုက်လျောညီထွေရှိစေရေးအတွက် သင့်လျော်သလို လိုက်ပါစီးဆင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။
Dec 14, 2024
ဤဘဒ္ဒကမ္ဘာတွင် မိမိတို့မြန်မာနိုင်ငံလောက် တားဆီးပိတ်ဆို့အရေးယူ နှိပ်ကွပ်မှုအများဆုံးခံရသည့်နိုင်ငံ ဤရာစုအတွင်းမရှိသေး။ ဆောင်းပါးရှင်တစ်ဦးရေးခဲ့သလိုပင် အထိုးခံဖွဲအိတ်ဖြစ်နေသည့် မိမိတို့နိုင်ငံသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းစုံ၊ နိုင်ငံအုပ်စုစုံတို့၏ အဖိအထောင်းဒဏ်ကို လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုခန့်အတွင်း ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။
Dec 13, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကိုချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည်။ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည်။ ဦးတည်ချက်(၉)ရပ်သည် နိုင်ငံတော်၏မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏လုပ်ငန်းတာဝန်အနှစ်ချုပ်ဖြစ်သည်။ အဆိုပါရည်မှန်းချက်များ အောင်မြင်ရေးအတွက် နိုင်ငံတော်က တိုက်ရိုက်ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖွဲ့အစည်းများကလည်း တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။
Dec 13, 2024
ခရီးသွားလုပ်ငန်းသည် အရေးပါသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်ပြီး ဆက်စပ်နေသည့် လုပ်ငန်းအများအပြားကိုလည်း ဖွံ့ဖြိုးစေကာ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်သည်။ ယင်းလုပ်ငန်းများမှ ဒေသအတွက် ဝင်ငွေအများအပြားကို ရရှိစေနိုင်ပြီး ဒေသတွင်း လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် များစွာအထောက်အကူပြုနိုင်သည်။
Dec 12, 2024
​​​​​​​မြတ်နိုးဖွယ်ရာ၊ တန်ဖိုးထားဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသည့် မြန်မာနိုင်ငံ၏အခြေအနေကို နိုင်ငံလွတ်လပ်ရေးနှင့်အတူ အတည်ပြုသတ်မှတ်ထားသည့် ယနေ့ထက်တိုင် အဓိဋ္ဌာန်ပြုလျက်ရှိသော နိုင်ငံတော်သီချင်းတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံသည် မည်သည့်ဝါဒဘက်ကိုမျှ ယိမ်းယိုင်ခြင်းမရှိဘဲ မြန်မာတို့၏မြတ်နိုးဖွယ်ရာ လူမှုဘဝထုံးတမ်းစဉ်လာများနှင့်အညီ အေးချမ်းတည်ငြိမ်စွာ၊ လွတ်လပ်ပွင့်လင်းစွာ အစဉ်ရှင်သန်ဖြစ်ထွန်းလာခဲ့သော နိုင်ငံဖြစ်ပါသည်။
Dec 12, 2024
​​​​​​​အဖိုးတန်သတ္တုဖြစ်သည့်ရွှေသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သုံးစွဲနေကြသည့် ငွေကြေးများ၏ ကျောထောက်နောက်ခံဖြစ်ပြီး လုံခြုံမှုရှိ၍ ယုံကြည်စိတ်ချရသော ပိုင်ဆိုင်မှုလည်းဖြစ်သည်။ အကြောင်းတရားအမျိုးမျိုးကြောင့် ရွှေဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့်တိုင်အောင် ကာလရှည်တွင်မူ ရွှေဈေးနှုန်းသည် ဖြည်းဖြည်းမှန်မှန် တိုးတက်မြဲပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများသည် အပြန်အလှန်ဆက်စပ်နေသကဲ့သို့ ကမ္ဘာ့ရွှေဈေးကွက်အပေါ်တွင်လည်း လွှမ်းမိုးမှုရှိသည်။ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းကာလများတွင် ရွှေသည်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပြီး ခိုင်မာသောပိုင်ဆိုင်မှုအဖြစ်လည်း ရှုမြင်ထားကြသည်။
Dec 11, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဖွင့်လှစ်လိုက်ပြီဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားရာ၌ “ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင်သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။