Dec 21, 2024
နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးမှာ ခမ်းနားလှပသည့် ပိတ်ပွဲအခမ်းအနားကြီးနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်သည်။
Dec 20, 2024
နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ထုတ်ဖော်ပြသနိုင်သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခမ်းနားထည်ဝါအောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။
Dec 20, 2024
ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်ရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများရှိနေကြောင်းနှင့် သက်ဆိုင်ရာက ကာကွယ်ကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းများ ကြားသိရပြီး မီဒီယာအချို့တွင်လည်း တွေ့ရှိရသည်။ ယခုနှစ် ဩဂုတ်လအတွင်းကလည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးမှုများ၊ ကုသမှုများပြုလုပ်ပေးခဲ့ရသည်။
Dec 19, 2024
မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန် စနစ်တကျကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုသည် တိုင်းရင်းသားပြည်သူများ၊ ပြည်သူပြည်သားများ လိုလားနှစ်သက်သည့် နိုင်ငံရေးစနစ်ဖြစ်သည်။ မျှော်မှန်းထားသော နိုင်ငံရေးစနစ်သို့ တက်လှမ်းနိုင်ရန်အတွက် အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် အားလုံးပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Dec 19, 2024
လူသားတို့၏ဝတ်ဆင်ရေးတွင် ဝါသည် ရှေးခေတ်နှစ်ထောင်ပေါင်းများစွာမှသည် မျက်မှောက်ခေတ်တိုင်အောင် အရေးပါနေဆဲဖြစ်သည်။ အဝတ်အထည် ရက်လုပ်ရန်အတွက် လိုအပ်သောချည်မျှင်ကို ဓာတုဗေဒနည်းလမ်းများဖြင့် ထုတ်လုပ်နိုင်ပြီဖြစ်သည့်တိုင် သဘာဝဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားများသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းတို့ကြောင့် ကမ္ဘာ့လူသားတစ်ရပ်လုံးက ဝါချည်ဖြင့် ထုတ်လုပ်ထားသည့် အဝတ်အထည်များကို တန်ဖိုးထားဝတ်ဆင်နေကြဆဲဖြစ်သည်။
Dec 18, 2024
လူသားအားလုံးအတွက် စား၊ ဝတ်၊ နေရေးအရေးသုံးပါးသည် နေ့စဉ်မလွဲမသွေ လိုအပ်လျက်ရှိသည့် အရေးကြီးသောအရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအရေးကြီးသော လိုအပ်ချက်များကို အဆင်ပြေစွာ ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်စဉ်အချိန်မှစ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့် ထုတ်ကုန်လုပ်ငန်းများအဖြစ် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
Dec 18, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူအင်အား၊ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အားဟူသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် သုံးစွဲဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းသည့် အခြေအနေရှိနေရန်လိုသည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုသည် နိုင်ငံရေးနယ်ပယ်အတွင်း၌ အကျုံးဝင်တည်ရှိနေရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းလမ်းကို ကျင့်သုံးသည့်အခါ နိုင်ငံနာသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးအကြောင်းတရားသည် နိုင်ငံရေး အကြောင်းတရားဖြစ်သည်ဟု ပညာရှင်များက အသိအမှတ်ပြုထားကြရာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံရေးနယ်ပယ်တွင် အဖြေရှာကြရမည်ဖြစ်သည်။
Dec 17, 2024
မျက်မှောက်ကာလသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖြစ်ပေါ်လာသောအခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နေသော အရေးပေါ်ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အဆင့်ဆင့်ချမှတ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Dec 17, 2024
မြန်မာနိုင်ငံတွင် သမဝါယမစနစ် အခြေတည်ခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ပြည့်ခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ် ၁၉၀၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာ့သမဝါယမလှုပ်ရှားမှုသည် နှစ်ပေါင်း ၁၂၀ သက်တမ်းကာလအတွင်း ခေတ်အပြောင်းအလဲများနှင့် တွေ့ကြုံခဲ့ရသလို လူသားတို့နည်းတူပင် လောကဓံတရားတို့နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဗဟိုဦးစီးစနစ်ကျင့်သုံးသည့်ခေတ်တွင် အထက်ကချမှတ်ပေးသည့် မူဝါဒအရဖွဲ့စည်းခဲ့သည့် သမဝါယမအသင်းများ၏ မအောင်မြင်မှုများမှာ နှောင်းခေတ်များတွင် လူပြောစရာများဖြစ်ခဲ့သည်။ သမဝါယမစိတ်ဓာတ်ကင်းမဲ့ခြင်း၊ စီမံခန့်ခွဲမှုများအားနည်းခြင်းနှင့် ပါဝင်လှုပ်ရှားသူအချို့ အကျင့်ပျက်ခြစားခြင်းတို့ကြောင့် သမဝါယမ၏ ပုံရိပ်ထိခိုက်ခဲ့ရသည်။ သမဝါယမစနစ်အပေါ် အထင်အမြင်လွဲခံရသည်။
Dec 16, 2024
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ရှေးနှစ်ပေါင်းထောင်ချီကတည်းက အေးအတူပူအမျှ တစ်မြေတည်းနေ တစ်ရေတည်းသောက် စည်းလုံးညီညွတ်ခဲ့ကြသည့် ပြည်ထောင်စုဖွားညီအစ်ကိုမောင်နှမများဖြစ်ကြသည်။ နိုင်ငံတော်အတွင်း ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၌ ဒေသအကျိုး၊ ပြည်ထောင်စုကြီးအကျိုးကို ရှေးရှုလက်တွဲဆောင်ရွက်လာကြရာ ယနေ့ထက်တိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်စွာရပ်တည်လျက်ရှိသည်။
