ကလေးသူငယ်များသည် အပြစ်ကင်းစင်သော လူမမည်အရွယ်များဖြစ်သည်။ မွေးဖွားစဉ်ကတည်းက စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ တတ်ကြသည်။ မိခင် ရင်ခွင်အတွင်း နွေးထွေးစွာနေထိုင်တတ်ကြပြီး မိဘအုပ်ထိန်းသူတို့၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာကြသည်။ ကလေးသူငယ်များသည် မိဘ အုပ်ထိန်းသူများ၏ ရပ်တည်နေထိုင်ရာ လူမှုပတ်ဝန်းကျင် လုံခြုံစိတ်ချမှု၊ ပတ်ဝန်းကျင်၏ လူမှုစီးပွားဘဝနှင့် အသိဉာဏ်ပညာ မြင့်မားမှုတို့အပေါ် မူတည်၍ ကလေးသူငယ်များ၏ ဘဝများကို အဆုံးအဖြတ်ပေးနိုင်ပေသည်။
မြန်မာ့ဆယ့်နှစ်လတွင် ဝါခေါင်လသည် မြစ်ချောင်းများ ကမ်းလုံးပြည့် ရေကြီးရေလျှံသောလဖြစ်သည်။ “ရာသီသိန်ငယ်၊ နေမိန္ဓရ၊ ဝါခေါင်လ မို့၊ တောင်မျာ့ထွတ်စွန်၊ သရဝဏ်လဲ၊ ရောင်ဝှန်တေဇာ၊ ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊ တိုင်းပြည်သူတို့၊ လှူစာရေးတံ၊ သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို၊ ဒေဝရိန် ပဇ္ဇုန်မှူးက၊ မြူးလှတယ်လေး” ဟူ၍ မဟာအတုလမင်းကြီးက စပ်ဆိုခဲ့ရာ ဝါခေါင်လစာရေးတံ အလှူပွဲကို ရှေးအခါက စည်စည်ကားကား ကျင်းပခဲ့သည်ဟူ၍ မှန်းဆကြည့်နိုင်သည်။
