Skip to main content
Feb 17, 2020

 

ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများက အရေးပါသည်။ ရွေးကောက်ပွဲများကသာလူများစု၏ အဆုံး အဖြတ် ဖြင့် တရားဝင် ကိုယ်စားလှယ်များကို ရွေးချယ်နိုင်မည်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တွင် ရွေးကောက်ပွဲ နည်းလမ်းဖြင့် လူထုကိုယ်စားလှယ်များ ရွေးချယ်ခြင်းကို ကမ္ဘာပေါ်တွင်၁၇ရာစုခန့်က စတင်အသုံးပြုခဲ့ပြီး ယနေ့အချိန်ထိ ဤနည်းထက်ပို၍ ကောင်းမွန်သေချာသည့် အခြားနည်းလမ်း မတွေ့ရှိသေး။ သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတို့တွင် နိုင်ငံ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်များကို ဦးဆောင် တာဝန်ယူ အကောင်အထည်ဖော်ရန် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ပွဲ နည်းလမ်းဖြင့်သာ ရွေးချယ် ကြရ၏။

Feb 17, 2020

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းမပေါ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွင့်လှစ်သည့် သတင်းကို တွေ့သိရပါသည်။ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည် ဟုလည်း သိရ၏။

Feb 15, 2020

ပြည်သူလူထု နေ့စဉ်ကျန်းမာမှုအတွက် ကျန်းမာရေးနှင့် ညီညွတ်သော လူမှုဘဝ နေထိုင်စားသောက်မှုနှင့် သန့်ရှင်းသောပတ်ဝန်းကျင်ကောင်းများ ဖြစ်ထွန်းတည်ရှိနေရန် လိုအပ်ပါသည်။ နေထိုင်စားသောက်မှုနှင့် ပတ်ဝန်းကျင် ကောင်းမွန်မှသာ ရောဂါဘေးဘယာ ကင်းဝေးပြီး သက်ရှည်ကျန်းမာ စိတ်အေးချမ်းသာစွာ ရပ်တည်နေထိုင်နိုင်ကြမည် ဖြစ်သည်။

Feb 15, 2020

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်း၌ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကြီးကို ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်ပြည့်မွေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဖွင့်လှစ် ပေးခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပြည်ထောင်စု၏ကျေးဇူးရှင်ဖြစ်သည့် ဗိုလ်ချုပ်ကြေးရုပ်တုကြီးကိုတင့်တယ်ခမ်းနားထည်ဝါစွာ စိုက်ထူနိုင်ခဲ့သည့်အတွက် နိုင်ငံ၏မြို့တော်ဂုဏ်အင်္ဂါနှင့် ပြည့်စုံစေပြီး ပြည်ထောင်စုနယ်မြေ၏ဂုဏ်ဒြပ်ကိုလည်း ထင်ဟပ်ပေါ်လွင်စေသည်။

Feb 14, 2020

မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းအရွယ် ကလေးဦးရေ ၁၂ သန်းကျော်ရှိနေပြီး ယင်းဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ကလေးအလုပ် သမားများဖြစ်ကြကြောင်း၊ ကလေးအလုပ်သမား ဦးရေ၏ ထက်ဝက်ခန့်မှာလည်း အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေကြကြောင်း မှတ်သားရဖူးသည်။

Feb 14, 2020

ယနေ့ကမ္ဘာတစ်လွှားကို ရှုမြင်ကြည့်လိုက်တော့ လူသိများသည့် ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ အီရတ် အစရှိသည့် နိုင်ငံများအပါ အဝင် နိုင်ငံပေါင်း လေးဆယ်ခန့်မှာ စစ်ဖြစ်နေသည်။ မြန်မာ နိုင်ငံမှ ပြည်တွင်းပဋိပက္ခကိုအခြေခံသည့် နိုင်ငံအတွင်းဖြစ်ပွား နေသည့်စစ်သည် ကမ္ဘာ့စံချိန်တင်နိုင်လောက်အောင် သက်တမ်းရှည်နေပြီ။ အန္ဒီ စစ်ဘေးစစ်ဒဏ်ကို အများဆုံးခံရသူများက စစ်ပွဲတွင်းမှာ အမှန်တကယ် စစ်တိုက်နေရသူများနှင့် စစ်ဖြစ်ပွား ရာ နယ်မြေဒေသတွင်းက အရပ်သားပြည်သူလူထုဖြစ်၏။

Feb 14, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုနှင့် တိုင်းပြည် ငြိမ်းချမ်းမှုကို ခိုင်မာသည်ထက် ခိုင်မာအောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်၍ စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီး ပေါ်ထွန်းလာစေရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်သည်။

Feb 12, 2020

မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက်၊ ခရစ်နှစ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် စနေနေ့ နံနက်လင်းအားကြီးအချိန်တွင် မြန်မာပြည် အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့လေး၌ ပစ္စုပ္ပန်ခေတ် မြန်မာနိုင်ငံ သမိုင်းအတွက် ထူးခြားသောမှတ်တိုင်တစ်ခု စတင်ပေါ်ထွန်းလာခဲ့သည်။ အကြောင်းကား ထိုနေ့မှ နှစ်ပေါင်း ၃၀ ဝန်းကျင်၌ မြန်မာတစ်မျိုးသားလုံး၏ အဖိုးထိုက်တန်ဆုံးရတနာ လွတ်လပ်ရေးဆုမွန်ကို ရွပ်ချွံစွာ ရှေ့ဆောင် ဆွတ်ခူးပေးနိုင်လတ္တံ့သော အာဇာနည်သူရဲကောင်းတစ်ဦးကို အဘ ဦးဖာ၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့သောကြောင့်ပင်တည်း။

Feb 12, 2020

အောင်ဆန်းဆိုသည့် နာမည်ကို မြန်မာတွင်သာမက နိုင်ငံတကာက ရင်းနှီးကျွမ်းဝင်ကြသည်။ နိုင်ငံတကာ သမိုင်းကို နှံ့စပ် နားလည်သူများသည်ကား အောင်ဆန်းဆိုသည့် အမည်ကို အမျိုးသားခေါင်းဆောင်၊ သူရဲကောင်း၊ ထက်မြက်သလောက် ရိုးသားဖြူစင်သူအဖြစ် အသိအမှတ်ပြုကြသည်။

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာဦးအဖြစ်ခေတ်ပြိုင်နိုင်ငံရေးသမားများကရော၊ လုပ်ဖော်ကိုင်ဖက်များ ကရော၊ သူ့ကိုမုန်းသူများကပါ တလေးတစားရှိကြသည်။ သူ၏ ထက်မြက်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်က ကြောက်ခမန်းလိလိဖြစ်သည်။