
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးထူထောင်သည့် နှစ် ၇ဝ ပြည့်သောနှစ်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး နှစ်နိုင်ငံနယ်နိမိတ်ထိစပ်မှု ၁၃၄၈ မိုင် ရှိသော အိမ်နီးချင်းနိုင်ငံဖြစ်သည့်အလျောက် နှစ်နိုင်ငံကူးလူး ဆက်ဆံမှုမှာ နှစ်ပေါင်း ထောင်ချီရှည်ကြာသောသမိုင်းရှိသည်။ နယ်မြေကျယ်ဝန်းသလောက် လူဦးရေလည်းများပြားလှသည့် တရုတ်နိုင်ငံမှာ မျက်မှောက်ကာလစီးပွားရေးတွင်လည်း ကမ္ဘာ့ အင်အားကြီးအဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

ကြေးမုံ အယ်ဒီတာအာဘော်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ရာ ကယားပြည်နယ်မှ လူငယ်မောင်မယ်လေးများ သီဆိုဖျော်ဖြေခဲ့ကြသည့် "မငြိမ်းချမ်းလို့မဖြစ်ဘူး" သီချင်းတေးသွားသံစဉ်များမှာ မြန်မာပြည်တစ်ဝန်း လွှမ်းခြုံပျံ့နှံ့ခဲ့ပါသည်။

လူသည်ဆက်ဆံရေးသတ္တဝါဖြစ်သည်။ ဆက်ဆံရေးနှင့်ကင်းသော လူသားဟူ၍မရှိပေ။ ကျွန်ုပ်တို့၏ဘဝများသည် တစ်ဦးနှင့်တစ်ဦးဆက်ဆံမှုရှိ၍သာ ရှင်သန်နေခြင်းဖြစ်သည်။ လူအချင်းချင်း ဆက်ဆံရေးတွင် ရှုပ်ထွေးပွေလီမှု များစွာရှိသည်။ သို့သော် လူအချင်းချင်းဆက်ဆံခြင်းမှသည် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်အောင် ကြိုးပမ်းအားထုတ်နေရသည်။
လူ့ဘုံခန်းဝါ လူတို့ရွာတွင် လူသားတို့ကြား မဟုတ်မမှန်မှု၊ အဓမ္မမှုများ မပေါ်ပေါက်နိုင်စေရန်၊ အားကြီးသူက အားနည်းသူကို နိုင်ထက်စီးနင်း မလုပ်နိုင်ကြစေရန်၊ လူတိုင်း၏ ဘဝများကို ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံမှု ရှိနေကြစေရန်၊ လူတစ်ဦးက လူတစ်ဦးကို မတရားမပြုနိုင်စေရန်၊ မည်သို့သော လိမ်လည်လှည့်ဖြား အဓမ္မပြုမှုများကိုဖြစ်စေ ကာကွယ်တားဆီး နိုင်စေရန်၊ အားနည်းသူ နုနယ် သူများကို စောင့်ရှောက်နိုင်ရန် စသည် စသည့် တရားမျှတမှုအပေါ် အခြေခံသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတို့ကို ရေးဆွဲပြဋ္ဌာန်းထားရ၏။
မျက်မှောက်ကာလတွင် စိန်ခေါ်မှုများ၊ ပြဿနာများ၊ ပဋိပက္ခများ၊ မငြိမ်း ချမ်းမှုများဖြစ်ပေါ်နေခြင်းသည် အပြုသဘောဆောင်သောရှုမြင်မှု၊ အပြုသဘောဆောင်သော တွေးတောမှုနှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုတို့နည်းပါးသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းကိစ္စ တစ်ခုခုကို ဆင်ခြင်တုံတရား၊ ဉာဏ်သတိဖြင့် ချဉ်းကပ်ကြည့်ပါမှ အပြု သဘောဆောင်သော ခံစားမှုအရည်အသွေးဖြစ်လာမည်။

မြန်မာ့အလင်း အယ်ဒီတာအာဘော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်တော့မည် ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များဟု အမည်ပေးထား သော သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးကို သတင်းစာများတွင် ဖော်ပြထား သည်ကို တွေ့ရပါသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ခြင်းနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပခဲ့သည်။

သစ်တောများပြုန်းတီးခြင်းက ကမ္ဘာမြေရာသီဥတုဖောက်ပြန်မှုနှင့် များစွာဆက်စပ်နေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၊ သဘာဝသိပ္ပံပညာရှင်များက သတိပေးပြောဆိုနေသည့် ကြားက သစ်တောအပြောင်ရှင်းမှုများကြောင့် မြန်မာနိုင်ငံအတွင်း သစ်တောများ လျော့ပါးနေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ။
သစ်ပင်သစ်တောတို့ ရှိခြင်းဖြင့် ရေမြေတို့ကို ထိန်းသိမ်းမှု ကောင်းမွန်သည်သာမက သစ်ပင်တို့က ကာဗွန်ပမာဏများများ စုပ်နိုင် ကာ အောက်ဆီဂျင် ပမာဏများများလွှင့်ထုတ်သည့် အားသာချက်လည်း ရှိနေသည်။

ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာ၌ အတိတ်နှင့် ပစ္စုပ္ပန်ကာလ စွမ်းဆောင်မှုများကို ပြန်လည် သုံးသပ်လေ့လာ ရမည်ဖြစ်သည်။ အတိတ်မှ သင်ခန်းစာများ၊ ကောင်းမွေများကိုယူပြီး ပစ္စုပ္ပန်ကာလ အားနည်းချက်များ၊ လိုအပ်ချက်များအား ပြန်လည်ပြုပြင်၍ ခေတ်နှင့်လိုက်လျောညီထွေရှိသည့် အားသာချက်များကိုဖြည့်စွက်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရမည်ဖြစ်သည်။