Skip to main content
Dec 31, 2022
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအတည်ပြုထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲပေးခဲ့သည့် နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးသည် လူသားအားလုံးနှင့် သက်ဆိုင်သည့် အခြေခံစံနှုန်းများဖြစ်ပြီး မိမိတို့၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးတို့ကိုလည်း အသိအမှတ်ပြု လေးစားတန်ဖိုးထားခြင်း၊ တန်းတူရည်တူရှိစေခြင်းတို့လည်း လိုအပ်သည်။
Dec 30, 2022
၂၀၂၀ ရွေးကောက်ပွဲ၌ မဲမသမာမှုကိုအကြောင်းပြု၍ CRPH ၊ NUG  အကြမ်းဖက်အဖွဲ့များဖြစ်လာသည်။ CRPH ၊ NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုး မြှောက်ပင့်ထောက်ပံ့ပေးမှုဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များပေါ်ပေါက်လာပြီး အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ နိုင်ငံပိုင်၊ ပြည်သူပိုင် အဆောက်အအုံပစ္စည်းများ ပျက်စီးဆုံးရှုံးပြီး အပြစ်မဲ့ပြည်သူအမြောက်အမြား သေကျေပျက်စီးခဲ့ရသည်။
Dec 30, 2022
၁၉ ရာစု အနောက်ကမ္ဘာတွင် အရင်းရှင်နယ်ချဲ့ဝါဒအမြစ် တွယ်ကြီးထွားလာခြင်းနှင့်အတူ လောဘဇောတက်နေသည့် အရင်းရှင်နိုင်ငံများက ကမ္ဘာတစ်လွှားတွင်အပြိုင်အဆိုင် နယ်ချဲ့ခဲ့ကြသည်။ မြန်မာနိုင်ငံကိုလည်း စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံဖြစ်သည့် အင်္ဂလန်နိုင်ငံက ၁၈၂၄ ခုနှစ် မှ ၁၈၈၅ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲကာ တစ်ပိုင်းပြီးတစ်ပိုင်း သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။
Dec 29, 2022
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုဖြစ်စဉ်များနှင့် နောက်ဆက်တွဲ နိုင်ငံရေးအပြောင်းအလဲများနှင့် အတူ လူသတ်အကြမ်းဖက်ဝါဒလည်း ပေါ်ပေါက်လာသည်။ စင်စစ်အကြမ်းဖက်ဝါဒသည် ဆန္ဒပြတောင်းဆိုမှုများဖြင့် စတင်သည့် အစောပိုင်းကာလမှာပင် စတင်သန္ဓေတည်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ဆင့်ထက်တစ်ဆင့် ရင့်သည်ထက် ရင့်လာခဲ့ရခြင်း ပင်ဖြစ်သည်။
Dec 29, 2022
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးကာလမှစ၍ တိုင်းရင်းသားလူမျိုး အချင်းချင်း စိတ်ဝမ်း ကွဲပြားမှု၊ နိုင်ငံရေးအယူအဆ ဂိုဏ်းဂဏကွဲပြားမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။ ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံ ကြုံတွေ့ခဲ့ရသည်။ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများကို ကာကွယ် စောင့်ရှောက်ရန်အတွက် တပ်မတော်သည် အဖျက် အန္တရာယ် မှန်သမျှကို ရှင်းလင်း ဖယ်ရှားခဲ့သည်။
Dec 28, 2022
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ လာရောက်လေ့လာကြသဖြင့် အသိပညာဗဟုသုတများနှင့် စိတ်ဓာတ်ခွန်အားများများစွာ တိုးပွားရရှိကြပေလိမ့်မည်။
Dec 28, 2022
အားကစားသည် လူတစ်ဦးချင်းစီအတွက် ကိုယ်ခန္ဓာအရရော စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာကြံ့ခိုင်စေသကဲ့သို့ နိုင်ငံတစ်နိုင်ငံအနေဖြင့်ဆိုလျှင်လည်း အားကစားအောင်မြင်မှုက နိုင်ငံ၏ဂုဏ်သိက္ခာကို မြင့်မားစေသည်။ နိုင်ငံကိုကိုယ်စားပြုယှဉ်ပြိုင်ရသည့် အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်သူအားကစားသမားနှင့်တကွ ကြည့်ရှုအားပေးသည့် နိုင်ငံသူနိုင်ငံသားအားလုံးတို့တွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေးစရိုက်လက္ခဏာများ နိုးကြားတက်ကြွလာစေသည်ကို မကြာသေးမီကပြီးစီးခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ၌ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။
Dec 26, 2022
လူငယ်များ စာပေနှင့်ရင်းနှီးလာစေရေး၊ စာဖတ်ခြင်းကို စိတ်ပါဝင်စားလာစေရေးတို့အတွက် နှိုးဆော်သည့်အနေဖြင့် စာပေဆိုင်ရာပွဲတော်များ၊ ပြပွဲများကို ကျင်းပပေးလျက်ရှိသည်။ ကလေး၊ လူငယ်၊ လူကြီး မည်သည့်အရွယ်ပင်ဖြစ်စေ စာဖတ်သူက စာမဖတ်သူထက် လူရည်လူသွေး ပို၍သာသည်။ လူငယ်များစာဖတ်ရန် လူကြီးများအထူးသဖြင့် မိဘများက ပျိုးထောင်ပေးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်သည်။ စာဖတ်ဝါသနာပါသူ အမိအဖတို့၏ ရင်သွေးသားသမီးများက မိလိုက်ဖပါသဘောဖြင့် စာဖတ်ဝါသနာပါသူများ ဖြစ်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။
Dec 25, 2022
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်းသတင်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်မီဒီယာများ၏ နေ့စဉ်ရက်ဆက်သတင်းထုတ်လွှင့်မှုများကို ကြားသိနေရပါသည်။ ဤအရေးသည် ပြည်တွင်းရေးသာဖြစ်၍ ပြည်ပမှ မည်သည့်စွက်ဖက်မှုကိုမျှလက်မခံဘဲ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ အခြေခံမူဝါဒရပ်တည်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားနေသည်။
Dec 25, 2022
ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ရှိကြသည့် ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ခရစ္စမတ်နေ့ဖြစ်သည်။ ခရစ္စမတ်အခါသမယသည် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းခြင်းနှင့် လူသားတို့အပေါ် ကောင်းချီးမင်္ဂလာကျရောက်စေခြင်း သတင်းစကားနှင့်အတူ မင်္ဂလာတရားနှင့် ပြည့်စုံစွာ အေးမြသာယာသည့် ချိန်ခါလည်းဖြစ်သည်။