ရန်ကုန် မေ ၂၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်(၂၁) ရပ်ကွက် တိုင်တစ်ရာအရှေ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်/ မြို့နယ်အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သည်။ ယင်းနောက် သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူ ၈၉ ဦးအား သင်ရိုးညွှန်းတမ်း စာအုပ်၊ ဘောပင်၊ ဗလာစာအုပ်နှင့် သင်တန်းစလွယ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်