Mar 07, 2024
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိတို့၏ ပိုင်နက်နယ်နိမိတ်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် မိမိတို့၏ ကာကွယ်ရေးစွမ်းအားကို တောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြရသည်။ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားစုဖြစ်သော တပ်မတော်အင်အားချည့်နဲ့ပါက နိုင်ငံကို ကာကွယ်နိုင်စွမ်းလည်း ကင်းမဲ့ကာ ပိုင်နက်နယ်မြေကို ကျူးကျော်မှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးမှုတို့ ပေါ်ပေါက်လာမည်ဖြစ်သည်။
Mar 06, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခိုးသန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မတ်လ ၁ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ဝင်ရောက်မီးရှို့ခဲ့ခြင်းကြောင့် အိမ်ခြေတစ်ရာနီးပါးပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားဖွယ် သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်ပေါ်တွင် တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့်ကို တွေ့ရှိရသည်။
Mar 06, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ကို မတ်လ ၅ ရက်နေ့က တပ်မတော်မှ ဓာတုဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်သူများအထင် အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Mar 06, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်း အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ်စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလ တန်ဖိုးငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ
Mar 06, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 06, 2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကဝမြို့နှင့် သနပ္ပင်မြို့တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်တာဝန်ရှိသူများက ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Mar 06, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Mar 06, 2024
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေး နှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ
Mar 06, 2024
အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာရေတပ် လေ့ကျင့်ခန်း (MILAN-2024) နှင့် (၆)ကြိမ်မြောက် အိန္ဒိယ-မြန်မာ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်း (6th IMNEX) သို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်ဦး ဦးဆောင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံ တံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိရာ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းလူနှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ် ဆက်ကြသည်။
Mar 06, 2024
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁၈)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Mar 06, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သောဠသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီ၌ ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင် ဆက်လက်ကျင်းပသည်။
Mar 06, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Mar 06, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းဇုန်များအတွင်းရှိ စေတီပုထိုးများအတွင်း ရေကြီးရေဝပ်မှု လျော့ကျနိုင်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှေးဟောင်းရေကန်များ ဖြစ်သည့် ဖျောက်ဆိပ်ပင်ကန် (၁၊ ၂၊ ၃) ကန်၊ ဖိုးသူတော်ကန်နှင့် မြောက်တစ်ဝက်ကန် စုစုပေါင်းငါးကန်ကို ရှေးမူမပျက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် သတ်မှတ်ချက်များအတိုင်း ပြန်လည်ဆယ်ယူတူးဖော် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Mar 06, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် DJI Drone Mavic Air (Used) တစ်လုံး၊ Yun Yan Fitter စီးကရက် လေးတောင့်၊ ကျောက်စိမ်းဟု ယူဆရသော ရေနွေးကရားတစ်စုံအပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 06, 2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းလျက်ရှိသော ရှေးဟောင်းရေကန်များအတွက် ပါဝင်လှူဒါန်းနိုင်
Mar 06, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ကာလဒေသဌာန အားလျော်စွာ ၁၉၈၀ ပြည့်နှစ်၊ မေလတွင် ထေရဝါဒဗုဒ္ဓသာသနာသံဃာ့ဂိုဏ်းကြီး (၉) ဂိုဏ်းတို့ အယူသီလတူမျှစွာ ညီညွတ်မှုရရှိပြီး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခဲ့ပါသည်ဘုရား။
Mar 06, 2024
နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
Mar 06, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူယနေ့ နံနက်ပိုင်းတွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ နေပြည်တော်ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့သွားရောက်၍ ကလေးများအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး ကလေးများသင်ကြားလေ့ကျင့်ပေးမှုများကို ကြည့်ရှုစစ်ဆေးသည်။
Mar 06, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်တာဝန်ရှိ သူများလိုက်ပါ၍ မတ် ၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Centers for Disease Control and Medical Training Center - Myanmar CDC) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Mar 06, 2024
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် ဈေးကွက်ရှာဖွေရေး၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာ Website များတွင် မြန်မာနိုင်ငံရှိဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုပါဝင်လာခြင်းအားဖြင့် digital ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေရန် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနနီလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ်သင်ကြားပေးနေသော တက္ကသိုလ်/ ကောလိပ်များမှ ဆရာဆရာမများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများကို အွန်လိုင်းမှတွေ့ဆုံသည်။
