Skip to main content

ဧရာဝတီနှင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

နေပြည်တော် ဇူလိုင် ၂၄

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၆၉ ဒသမ ၅၅ ပေ (၂၁၂၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၂၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ဆိပ်သာမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ် ၃၉ ဒသမ ၃၇ ပေ (၁၂၀၀ စင်တီမီတာ) အထက်သို့ နှစ်ပေခန့် (၆၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄ ဒသမ ၀၃ ပေ (၁၃၄၂ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ နှစ်ပေခွဲခန့် (၇၇ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း လေးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ နှစ်ပေခန့် (၅၆ စင်တီမီတာ) ကျော် လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့်ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ (၆၂၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၃၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ဆိပ်သာမြို့နှင့် ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်အကြံပြုအပ်ပါသည်။

မိုး/ဇလ