May 15, 2024
၁။ နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပါသည်။ ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး ၂ ပါတီကို တည်ထောင်ခွင့်ငြင်းပယ်ခဲ့ပါသည်။
May 15, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
May 15, 2024
- မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
May 15, 2024
‘‘ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’’
May 15, 2024
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို နိုင်ငံတော်က အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
May 15, 2024
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အားအားကောင်းပါမှ အခြားကဏ္ဍများ တိုးတက်ခိုင်မာကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်အတွက် ပြည်တွင်းစွမ်းပကားများဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်အားပေးဆောင်ရွက်ကြသည်။ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။
May 15, 2024
ကမ္ဘာ့နိုင်ငံများအလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရန်အတွက် နိုင်ငံ၏အင်္ဂါရပ်များဖြစ်သော ပိုင်နက်နယ်နိမိတ်၊ နိုင်ငံသားများ၊ အစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့လိုအပ်သည်။ သို့အတွက် နိုင်ငံတိုင်းက မိမိတို့၏ပိုင်နက်နယ်နိမိတ်များ တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ထိပါးမခံရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အခါမလပ် အားထုတ်ကြိုးပမ်းနေကြရသည်။ နိုင်ငံကို ကာကွယ်နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အမြဲတမ်းတပ်မတော်များ အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြသကဲ့သို့ အရန်အင်အားများကိုလည်း ဥပဒေပြဋ္ဌာန်းကာ နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်စုဖွဲ့ထားကြရမြဲဖြစ်သည်။
May 14, 2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်မှ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သည်မှာ ၆ လခန့်ရှိပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ဖိုးသောကြီးမှာ စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါရှိသည့်အတွက် ၎င်းအစား အိမ်ရှိလူငယ်တစ်ဦးကို အစားထိုးထည့်သွင်းပေးရန် တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 14, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ မေလ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 14, 2024
တပ်မတော် (ရေ) က ၂၀၂၄ ခုနှစ်၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများလိုက်ပါ၍ သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများကကြိုဆို၍ သီရိမဟာဇေယျ ကျော်ထင်ခန်းမတွင် တပ်မတော် (ရေ) Documentary အားပြသခဲ့ပြီး၊ ရေကြောင်းပြခန်းနှင့် ဥတ္တရဆောင်ရှိ စာသင်ခန်းတို့အားလေ့လာခြင်း၊ Torpedo Trainer နှင့် ရေတပ်အမြောက်များလေ့လာခြင်း၊ Welding Simulator ၊ Electrical Trainer နှင့် Cutaway Model များအားလေ့လာခြင်း၊ Damage Control Simulator-Zarmani အားလေ့လာခြင်း၊ Ship Handling Simulator နှင့် Engine Room Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ် (မေယု) တို့အား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
May 14, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ၏ ကြီးကြပ်မှုဖြင့် တတိယအကြိမ် အခမဲ့မျက်စိစမ်းသပ် စစ်ဆေးခွဲစိတ်ကုသမှုကို ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (ဟိန္ဒူ) က ပံ့ပိုးလှူဒါန်းပြီး ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ က စီစဉ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
May 14, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် မေ ၁၁ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ ယဉ်ကျေးမှု ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်သို့ လာရောက်လေ့လာသူများ စိတ်ပါဝင်စားမှုရရှိစေရေးအတွက် လုံလောက်သော အလင်းရောင်ရရှိစေရေး ဆောင်ရွက်ရန်၊ ခင်းကျင်းပြသထားသည့် ပစ္စည်းအမျိုးအမည်နှင့် လိုက်ဖက်ညီသည့် အရောင်များကို ရွေးချယ်ခင်းကျင်းပြသရန်နှင့် လာရောက်လေ့လာသူများ သက်သောင့် သက်သာဖြင့် ကြည့်ရှုနိုင်ရေးအတွက် ပြသပစ္စည်းများကို သင့်တော်သည့် နေရာတွင် ပြောင်းလဲခင်းကျင်း ပြသနိုင်ရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
May 14, 2024
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။
May 14, 2024
နိုင်ငံခြားရေးဝန်ကြီးဌာနမှဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမတို့တွင် တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးဦးလွင်ဦးက နေပြည်တော်၌တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
May 14, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မရမ်းကုန်းမြို့နယ်ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ သွားရောက်စစ်ဆေးသည်။
May 14, 2024
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် ရပ်စောက်မြို့ ဗထူးရပ်ကွက်အနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် တင်ထွန်းဦး (ခ)ကိုနိုင် မောင်းနှင်ပြီး မိုးကျော်သူလိုက်ပါလာသည့် ခြောက်ဘီးမော်တော်ယာဉ်နှင့် ခွန်ကျော်သူ မောင်းနှင်လာသည့် ခြောက်ဘီးမော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၀၀၀၀ ကီလို (၁၀ တန်) ကိုလည်းကောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၁၂ ရက် ညနေ ၆ နာရီ ခွဲတွင်တာချီလိတ်မြို့ ဆေခမ်းရပ် ကွက်မြို့ရှောင်လမ်းတွင် အိုက်ခုန်းမောင်းနှင်ပြီး စိုင်းခမ်းရှဲန် လိုက်ပါလာသည့် HONDA CRV အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် ညနေ ၅ နာရီတွင် လားရှိုးမြို့ ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃)၊ ကောင်းဆာလမ်းနှင့် လားရှိုး- သိန္နီသွားကားလမ်းမကြီးထောင့်တွင် စိုင်းအွမ်ခမ်း(ခ)အိုက်အွမ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃) ကောင်းဆာလမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
May 14, 2024
လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ် လုပ်ငန်းစဉ်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဦးစားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG) တွင် ပါရှိသည့် ကျန်းမာရေးကဏ္ဍ နှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်- ၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီရေးအတွက် မြန်မာနိုင်ငံအနေ ဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
May 14, 2024
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိသစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
May 14, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်မှဓာတုအဆိပ်သင့်ဗုံးများဖြင့် မေ ၈ ရက်က ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ မူးမော်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း ကောလာဟလသတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

 
 
 
 
 
 
 
 
 
 
 
 
 
 
